သြစတြေးလျနဲ့ တရုတ်နိုင်ငံက သုတေသီတွေက ကပ်ရောဂါကာလမှာ စွန့်ပစ်ခဲ့တဲ့ face mask တွေကို အီလက်ထရောနစ်ပစ္စည်းတွေမှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် ပစ္စည်းတွေအဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းတစ်ခုကို တီထွင်လိုက်ပါတယ်။
အဲဒီနည်းလမ်းမှာ သန့်စင်ထားတဲ့ polypropylene (PP) mask တွေနဲ့ စားသောက်ကုန်တန်းဝင် tannic acid၊ graphene nanoplatelets တွေကို ပေါင်းစပ်ပြီး စံချိန်တင် အပူစီးကူးနိုင်ပြီး လျှပ်စစ်သံလိုက်လှိုင်းတွေကို ကာကွယ်နိုင်တဲ့ ကွေးညွှတ်နိုင်တဲ့ nanocomposite film တစ်ခုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။
အဲဒီပစ္စည်းအသစ်ရဲ့ ခိုင်ခံ့မှုနဲ့ စွမ်းဆောင်ရည်က သံမဏိနဲ့ တခြားအဆင့်မြင့် ပေါင်းစပ်ပစ္စည်းတွေထက် သာလွန်ပြီး လျှပ်စစ်ကား (EV) ဘက်ထရီတွေ၊ 5G ပစ္စည်းတွေနဲ့ အာကာသနည်းပညာတွေအတွက် ရေရှည်တည်တံ့တဲ့ အသုံးချမှုတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ mask အခုရေ ၉၅၀ ဘီလီယံလောက် စွန့်ပစ်ခဲ့ရတာကြောင့် ဒီတီထွင်မှုက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်ရုံတင်မကဘဲ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်ရေးအတွက် အခွင့်အလမ်းအသစ်တွေကိုလည်း ဖန်တီးပေးလိုက်ပါတယ်။
Ref : Fossbytes