Google ဟာ Pixel 6 Series ကို ပြီးခဲ့တဲ့လပိုင်းတုန်းက Design ပိုင်းနဲ့ Specification အနည်းငယ်ကြေညာခဲ့ပြီးတော့ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ တချို့ကလည်း Google Pixel 6 Series ဟာ Apple iPhone 13 Series မိတ်ဆက်မယ့်အချိန်ထက် စောပြီး လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့လည်း သတင်းတွေထွက်ရှိထားပါတယ်။

အခုလည်း Google Pixel 6 Series မှာ ပါဝင်လာမယ့် Feature တစ်ခုဟာ ထပ်မံပေါက်ကြားလာပြီဖြစ်ပါတယ်။ ဒါကတော့ Google Pixel 6 Series ဖုန်းတွေမှာ Wireless Charging ကို 23W အထိ Support ပေးနိုင်မှာပါ။

ဘာကြောင့် အခုလိုမျိုး သတင်းထွက်ပေါ်လာသလဲဆိုရင် Google Pixel 6 Series အတွက် ထွက်ရှိလာမယ့် Pixel Stand Wireless Charger ရဲ့ Product Inventory ဓါတ်ပုံထွက်ရှိလာတာကြောင့်ဖြစ်ပါတယ်။ အစောပိုင်းကထွက်ရှိခဲ့တဲ့ Pixel Stand ဟာ Google Pixel ဖုန်းတွေအတွက် သီးသန့်ထွက်ရှိခဲ့တာဖြစ်ပြီး Pixel ဖုန်းတွေနဲ့ အသုံးပြုမှ 7.5W Wireless Charging အစား 10W Wireless Charging ကို Support ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုထွက်ရှိလာမယ့် Pixel Stand ဟာလည်း 23W Wireless Charging ကို Pixel 6 Series နဲ့အသုံးပြုမှပဲ ရရှိလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး 23W Wireless Charging ဟာဆိုရင် လက်ရှိမှာအမြန်ဆန်ဆုံး Wireless Charging တော့မဟုတ်ပေမယ့် လက်ရှိ Pixel ဖုန်းတွေမှာ ပါဝင်တဲ့ Wireless Charging ထက်တော့ ၂ ဆကျော်ပိုပြီး မြန်ဆန်မှာဖြစ်ပါတယ်။

Ref – The Verge