အရှေ့တောင်အာရှအခြေစိုက် RFOX Media (RedFOX Labs $RFOX ရဲ့ကုမ္ပဏီခွဲ) ဟာ Goama နဲ့ ပူးပေါင်းပြီး အရှေ့တောင်အာရှတွင်းရှိ ပရိသတ်ပေါင်း သန်း ၂၀ ကျော်အပြင် မြန်မာနိုင်ငံမှာလည်း ကြီးမားတဲ့ Gaming Market တစ်ခုကို ဖော်ဆောင်ဖို့ ခြေလှမ်းစတင်နေကြောင်း သိရှိရပါတယ်။

ဒီပေါင်းစည်းမှုရဲ့နောက်မှာ Goama နဲ့အတူ ပြိုင်ပွဲတွေလှိုင်လှိုင်ကျင်းပလာတာ တွေ့မြင်ရဖွယ်ရှိပါတယ်။ ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ Play-to-win ဂိမ်းကို တည်ဆောက်ထောက်ပံ့ပေးပြီး RFOX Media platform အသစ်တစ်ခုဆီ မောင်းနှင်လာမှာလည်း ဖြစ်ပါတယ်။

RFOX Media ဟာ ဒီနှစ်အစောပိုင်းကာလအတွင်း အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Media တွေထဲကတစ်ခုအဖြစ် တည်ရှိနေတဲ့ MYMEDIA Myanmar ကိုရရှိပြီးတဲ့နောက် လူကြိုက်များတဲ့ Content sites တွေကတစ်ဆင့် Follower ပေါင်း ၁၃ သန်းကျော်ကို ချက်ချင်းရရှိခဲ့ပါတယ်။ RFOX Media ဟာ အခုအချိန်မှာ ကျယ်ပြန့်မြန်ဆန်တဲ့ မီဒီယာ Content တွေကိုဖန်တီးပြီး ကြော်ငြာတွေ၊ NFTs ဖန်တီးမှုတွေကတစ်ဆင့် ငွေကြေးရှာဖွေနိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေတာလည်း ဖြစ်ပါတယ်။

Goama ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် တည်ဆောက်ထားတဲ့ ဂိမ်းမင်းပလက်ဖောင်းဖြစ်ပြီး၊ အကောင်းဆုံး Esports တွေနဲ့ လွယ်လွယ်ကူကူဆော့ကစားနိုင်တဲ့ဂိမ်းတွေကိုပေါင်းစပ်ပြီး ဂိမ်းကစားသူတွေအနေနဲ့ အလွယ်တကူဆော့ကစားနိုင်၊ အချိန်နဲ့တပြေးညီပြောင်းလဲနေတဲ့ အမှတ်ပေး Leaderboards တွေဆီ ရောက်ရှိနိုင်၊ Real-world ဆုတွေ ရယူနိုင်မဲ့ ပေါ့ပေါ့ပါးယှဉ်ပြိုင်နိုင်တဲ့ဂိမ်းရပ်ဝန်းတစ်ခုဖန်တီးနေတာပါ။ စတင်တည်ထောင်ချိန်ကစပြီး လူသိများခဲ့သလို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာလည်း ဦးဆောင်နေတဲ့ App တွေနဲ့အတူ သန်းနဲ့ချီတဲ့သုံးစွဲသူတွေကို ရရှိထားတာ ဖြစ်ပါတယ်။

အခုအချိန်မှာ ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး “RFOX run” နာမည်နဲ့ ဂိမ်းတစ်ခုကို စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ ယှဉ်ပြိုင်သူတွေကို သူတို့ရဲ့ ပြိုင်ပွဲဝင် စွမ်းဆောင်ရည်နဲ့ Leaderboard positions တွေပေါ်မူတည်ပြီး Exclusive NFTs တွေ ရယူခွင့်ပေးမယ်လို့လည်း သိရပါတယ်။

“အခုအချိန်မှာတော့ ဂိမ်းမင်းဌာနတစ်ခုရှိပြီး RFOX Games လို့ ခေါ်ပါတယ်။ နေ့စဉ်သုံးစွဲသူပေါင်းများစွာရှိတဲ့ non-blockchain ဂိမ်းမင်းပလက်ဖောင်းနဲ့ အကျိုးတူပူးပေါင်းရတာ ခြားနားတဲ့ကဏ္ဍတစ်ခုမှာ အံ့သြစရာကောင်းတဲ့ ခံစားချက်ပါပဲ” လို့ RedFOX Labs ရဲ့ Co-founder နဲ့ CEO ဖြစ်တဲ့ Ben Fairbank က ပြောပါတယ်။

“မြန်မာနိုင်ငံဈေးကွက်ကတော့ အလားအလာကောင်းတွေရှိတယ်ဆိုပေမဲ့ သိပ်ကိုနုနယ်တုန်းပါ။ ဒီပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်သူ ရှစ်သောင်းဝန်းကျင် ပါဝင်လေ့ရှိတဲ့ Goama နဲ့အတူ ဂိမ်းပြိုင်ပွဲတစ်ခု စတင်ဖို့ရှိပါတယ်။ ဒါကိုစီစဉ်နေတာကြာပါပြီ။ နောက်ဆုံးတော့ ကျွန်တော်တို့နဲ့ FOX Media အတွက် အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုပါပဲ။ မကြာခင်မှာ Goama ကတစ်ဆင့် ဖိလစ်ပိုင်နဲ့ တခြားအရှေ့တောင်အာရှနိုင်ငံတွေမှာ ကမ်ပိန်းတွေနဲ့အတူ ကြီးမားတဲ့တိုးတက်မှုတွေရယူဖို့ ကြိုးစားသွားမှာပါ”

“ဒီဆန်းသစ်တီထွင်မှုဟာ ကျွန်တော်တို့မစ်ရှင်ရဲ့ အနှစ်သာရပါပဲ” “RedFox နဲ့ပူးပေါင်းပြီး NFTs ကိုဆုအဖြစ်ရယူနိုင်မဲ့ ပြိုင်ပွဲကိုမြန်မာပြည်မှာ ပထမဆုံးအကြိမ်ကျင်းပပေးဖို့ စိတ်လှုပ်ရှားနေပါတယ်။ ဒါဟာ အရှေ့တောင်အာရှတစ်ဝန်း ပေါ့ပေါ့ပါးပါးနဲ့ ယှဉ်ပြိုင်ကစားနိုင်တဲ့ eSports ပလက်ဖောင်းအတွက် ဦးဆောင်သူဖြစ်ဖို့တီထွင်မှုတွေအများကြီးထဲကမှ ပထမဆုံးတစ်ခုပါ” လို့ Goama ရဲ့ CPO နဲ့ Co-founder ဖြစ်တဲ့ Wayne Kennedy က ဆိုပါတယ်။

“RFOX Run ကို ဖန်တီးရတာ ဂုဏ်ယူပါတယ်။ အသုံးပြုသူတွေဟာ ကစားရတာကိုနှစ်သက်ပြီး Leaderboard ရဲ့ထိပ်ဆုံးနေရာဆီရောက်အောင်သွားရတာကိုလည်း နှစ်သက်တယ်ဆိုတာကို သိထားပါတယ်။ ရှေ့ဆက်ပြီးတော့လည်း RedFOX နဲ့ ကာလကြာရှည် မိတ်ဖက်အဖြစ်လက်တွဲသွားချင်ပါတယ်။

RedFOX Labs အကြောင်း

RedFOX Labs ဟာ ဒေသတွင်း ထွန်းသစ်စဈေးကွက်တွေအတွက် အောင်မြင်တဲ့စီးပွားရေးပုံစံတွေကို ဖော်ထုတ်တည်ဆောက်ပေးနေတဲ့ အရှေ့တောင်အာရှစွန့်ဦးတီထွင်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

Blockchain လိုမျိုး ထွန်းသစ်စနည်းပညာတွေကိုအသုံးပြုပြီး e-commerce, e-media, e-travel နဲ့ esports/gaming တွေနဲ့ အရှေ့တောင်အာရှဒစ်ဂျစ်တယ်စီးပွားရေး ဈေးကွက်တန်ဖိုးအစစ်အမှန်သော့ချက်ကိုဖွင့်လှစ်ဖို့ အဓိကထားပြီး ဒီဂျစ်တယ်စီးပွားရေးကို တန်ဖိုးမြှင့်တင်ဖို့ အာရုံစိုက်ထားပါတယ်။

RedFOX Labs ရဲ့တရားဝင် Channels တွေကတော့
Website: https://www.redfoxlabs.io/rfox
Facebook: https://www.facebook.com/redfoxlabs.io
Twitter: https://twitter.com/redfoxlabs_io
YouTube: https://www.youtube.com/channel/UCjSvr6RFSMlN00mWRiU0mSQ
RFOX Games Twitter: https://twitter.com/RFOX_GAMES
KOGS Twitter: https://twitter.com/KOGS_GG
KOGS Facebook: https://www.facebook.com/kogs.gg/
KOGS Discord: https://discord.gg/5kNdg7U9bU

Goama အကြောင်

Goama ဟာ ကမ္ဘာ့အကြီးဆုံး Super apps တွေနဲ့ အမှတ်တံဆိပ်အချို့ကို လက်တွဲပြီး ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှုနဲ့ သုံးစွဲသူပါဝင်ပတ်သက်မှုအတွက် အခြေခံစံနှုန်းကိုသတ်မှတ်ခြင်း၊ ပလက်ဖောင်းဂိမ်းကစားခြင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ဖြေရှင်းမှုသော့ချက်က ဂိမ်းရပ်ဝန်းနဲ့ စီးပွားရေးရပ်ဝန်းကို ပေါင်းစည်းပေးပြီး ထူးခြားတဲ့ အတွေ့အကြုံတွေနဲ့ Plug-and-play ပလက်ဖောင်းကို ဖန်တီးပေးခြင်း ဖြစ်ပါတယ်။
Goama ဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ဦးဆောင်နေတဲ့ Apps တွေနဲ့အတူ အသုံးပြုသူပိုပြီးတိုးတက်များပြားလာအောင် တွန်းအားပေးခြင်း၊ ဝင်ငွေရှာဖွေမှုအခွင့်အလမ်းတွေတိုးပွားလာစေခြင်း၊ အသုံးပြုသူအသစ်တွေ စုဆောင်းပေးခြင်းနဲ့ အောင်မြင်လျက်ရှိပါတယ်။

Ref: Globenewswire