ယနေ့ Metaverse ခေတ်ကို ဦးဆောင်နေတဲ့ Platform တွေထဲက တစ်ခုဖြစ်တဲ့ RFOX VALT ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ စတင်ပြီး AI နည်းပညာနဲ့ Metaverse တိုက်ခန်းရောင်းချမှုတွေကို စတင်လိုက်ပါတယ်။ အဆိုပါ အဆင့်အမြင့် တိုက်ခန်းတွေဟာ နေထိုင်သူတွေကို နောက်ဆုံးပေါ် AI နည်းပညာတွေ အသုံးပြုနိုင်စေမှာဖြစ်ပြီး လက်ရှိ VR ခေတ်ကို ပိုပြီး အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

AI နည်းပညာပါဝင်တဲ့ တိုက်ခန်းအတွင်းမှာ နေထိုင်သူတွေဟာ သူတို့ရဲ့ Virtual ပတ်ဝန်းကျင်မှာ သဘာဝဆန်ပြီး အဆင်ပြေသက်သာစွာထိတွေ့ဆက်ဆံနိုင်မှာဖြစ်ပါတယ်။ တိုက်ခန်းတွေဟာ အကုန်လုံးကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး နေထိုင်သူတွေအနေနဲ့ ပါဝင်တဲ့ AI Tool တွေကို အသုံးပြုပြီး အမြင်နဲ့ ပုံစံကို မတူညီအောင် ဖန်တီးနိုင်တာကြောင့် တစ်ဦးချင်းစီအလိုက် ကွဲပြားတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်စေမှာဖြစ်ပါတယ်။

အဆိုပါ တိုက်ခန်းတွေဟာ Invite-only System ပါဝင်တဲ့အတွက် သင့်ကို Gathering ၊ Meeting နဲ့ Event တွေအပြင် တခြားသော လိုအပ်သလို တွေ့ဆုံမှုတွေကို အလွယ်တကူစီစဥ်နိုင်စေပါတယ်။ အခုလိုမျိုး အဆင့်အမြင့်ဆုံး နည်းပညာတွေပါဝင်တာကြောင့် တိုက်ခန်းပိုင်ဆိုင်သူတွေဟာ ယခင်တုန်းက အချိန်နဲ့ ကျွမ်းကျင်မှုအများအပြားလိုအပ်တဲ့ ပြောင်းလဲမှုတွေကို ချက်ချင်းဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

တိုက်ခန်းပိုင်ဆိုင်သူတွေဟာ Personal Assistance ၊ Content Creation နဲ့ တခြားသောဆောင်ရွက်မှုတွေအတွက် OpenAI နည်းပညာတွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ နည်းပညာအဆင့်ပိုမြင့်လာတာနဲ့အတူ ယခုတိုက်ခန်းတွေဟာ ပိုပြီး AI Service အသစ်တွေ ထပ်မံအသုံးပြုနိုင်မှာဖြစ်ပါတယ်။

RFOX VALT တိုက်ခန်းရောင်းချမှုအသေးစိတ် :

– ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ပြီး RFOX VALTs Official Webpage မှတစ်ဆင့် ရောင်းချမည်

– တိုက်ခန်းပေါင်း ၃,၀၀၀ ကို တစ်ခန်းလျှင် 0.25ETH ဖြင့် ရောင်းချသွားမည်

– မတူညီသည့် ပုံစံ ၄ မျိုးကို ကျပန်းစနစ်ဖြင့် ရွေးချယ်မည်

– တိုက်ခန်းတစ်ခုတွင်း အခမဲ့အသုံးပြုနိုင်သော CitiXen Avatar တစ်ခုပါဝင်မည်

– အနာဂါတ်တိုးချဲ့ပြုပြင်မှုများတွင် မဲပေးရွေးချယ်ခွင့်ရှိမည်

RFOX VALT ရဲ့ Metaverse Platform ဟာ အသုံးပြုသူတွေကို Immersive ဖြစ်ပြီး လွယ်ကူစွာထိတွေ့ဆက်ဆံနိုင်တဲ့အတွေ့အကြုံတွေကြောင့် ချီးကျူးမှုတွေရရှိနေပါတယ်။ အခုလိုမျိုး AI နည်းပညာပါဝင်တဲ့ တိုက်ခန်းတွေဟာ အဆိုပါ အတွေ့အကြုံကို နောက်ထပ်အဆင့်တစ်ခုဆီကို ခေါ်ဆောင်သွားမှာဖြစ်ပြီး နေထိုင်သူတွေကို ပိုပြီး သဘာဝဆန်တဲ့သက်သောင့်သက်သာဖြစ်မှုကို ခံစားရစေမှာဖြစ်ပါတယ်။

ယခု တိုက်ခန်းရောင်းချမှုဟာ RFOX VALT အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး Metaverse Industry တစ်ခုလုံးကို အရှေ့ကနေ ဦးဆောင်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ စျေးကွက်အတွင်းမှာ ဆက်လက်တိုးတက်မှုတွေနဲ့ တီထွင်ဖန်တီးမှုတွေရှိနေတာကို သက်သေပြနေပြီး Virtual Living အတွက် အဆင့်အတန်းတစ်ခုကို သတ်မှတ်နိုင်ပြီဖြစ်ပါတယ်။

တိုက်ခန်းတစ်ခန်းစီတိုင်းမှာ အခမဲ့ရယူနိုင်တဲ့ RFOX VALT CitiXen Avatar ပါဝင်မှာဖြစ်ပြီး RFOX VALT Metaverse အတွင်းမှာ သင့်ရဲ့ ထူးခြားတဲ့ Character အဖြစ်နေထိုင်နိုင်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ (ဒီနေ့) မှာ စတင်ရောင်းချမယ့် တိုက်ခန်းရောင်းချမှုတွေအတွက် အသေးစိတ်အချက်အလက်တွေကို RFOX VALT ရဲ့ Website ဖြစ်တဲ့ https://www.rfoxvalt.com မှာ လေ့လာနိုင်ပါတယ်။

RFOX အကြောင်း

RFOX ဟာ RFOX VALT Metaverse ကနေ တစ်ဆင့် Retail ၊ Media ၊ Gaming နဲ့ Rewards တွေကို အလေးပေးဆောင်ရွက်နေပြီး Immersive ဖြစ်တဲ့ Metaverse Experience ကို တကမ္ဘာလုံးမှာ ဦးဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတဲ့ Metaverse ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး ကုမ္ပဏီဟာ Online Games (RFOX Games) ၊ White-label NFT Platform (RFOX NFTs) ၊ DeFi Product (RFOX Finance) ၊ Digital Media Platforms (RFOX Media နဲ့ RFOX TV) အပြင် တခြားသော Product နဲ့ Solution အများအပြားပါဝင်တဲ့ RFOX Ecosystem ကို တည်ထောင်ခဲ့ပါသည်။ အဓိကအသုံးပြုသည့် တိုကင်ဟာ RFOX ဖြစ်ပြီး အဆိုပါ Digital Asset ဟာ RFOX Metaverse Ecosystem နဲ့ နည်းပညာပိုင်းအတွက် အဓိကလောင်စာဖြစ်ပါသည်။

Press Release – RFOX