ဟောင်ကောင် အခြေစိုက် Rice Robotics ကုမ္ပဏီက ဟောင်ကောင်က Citic Tower မိုးမျှော်အဆောက်အဦးမှာ လူတွေနဲ့ ရင်းနှီးစွာ ဆက်ဆံနိုင်တဲ့ စက်ရုပ်တွေကို တာဝန်ထမ်းဆောင်ခိုင်းထားပါတယ်။

စက်ရုပ်ရဲ့ မျက်လုံးတွေဟာ ခွေးမျက်လုံးနဲ့ ဆင်တူပြီး စက်ရုပ်တွေဟာ ပိုးသတ်တာကနေ ပစ္စည်း သယ်ယူပို့ဆောင်တာအထိ ၂၄ နာရီ ပတ်လုံး အလုပ်လုပ်ပေးကြပါတယ်။

AI

Rice Robotics ဟာ ဂျပန်မှာ ဈေးကွက်ဖြန့်ကျက်ထားပြီး ကုမ္ပဏီ အကြီးအကဲ Victor Lee က ဂျပန်မှာ သက်ကြီးရွယ်အိုများပြားကာ အလုပ်သမား ရှားပါးတဲ့အတွက် သူ့ရဲ့ စက်ရုပ်တွေဟာ လူကြိုက်များတယ်လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်က စစ်တမ်း အရ နိုင်ငံတကာမှာ ဝန်ဆောင်မှု ပေးတဲ့ စက်ရုပ်တွေရဲ့ ရောင်းအားဟာ တစ်နှစ်ထက်တစ်နှစ် ၄၈ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။ ဧည့်ကြို စက်ရုပ်တွေကတော့ ၁၂၅ ရာခိုင်နှုန်းတောင် တိုးတက်လာပါတယ်။

Rice Robotics

Lee က သူ့ရဲ့ စက်ရုပ်တွေကို တတ်နိုင်သလောက် လူနဲ့ တူအောင် တည်ဆောက်ထားတယ်လို့ ပြောပါတယ်။ ဒီနေ့ခေတ်မှာ စက်ရုပ်တွေကို နယ်ပယ်များစွာမှာ အသုံးပြုနေကြပါတယ်။ တောင်ကိုရီးယားက စားသောက်ဆိုင်တွေမှာ စက်ရုပ်တွေက စားပွဲထိုး လုပ်နေကြတာက အစ လေဆိပ် သန့်ရှင်းရေး လုပ်တာ အဆုံး စက်ရုပ်တွေကို အသုံးချနေကြပါတယ်။

Rice Robotics ရဲ့ ထူးခြားချက်က သူ့ရဲ့ စက်ရုပ်တွေကို စိတ်ခံစားမှုရှိအောင် တီထွင်ထားတာ ဖြစ်ပါတယ်။ Rice Robotics က Automation အပိုင်းမှာ ထိပ်တန်းက ဦးဆောင်နေပြီး Victor Lee က နောက်နှစ်မှာ သူ့ရဲ့ စက်ရုပ်တွေကို တခြား နိုင်ငံတွေမှာ တိုးချဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : gizmochina