စက်ရုပ်ကုမ္ပဏီ 1X ဟာ NEO အတွက် ကြိုတင်မှာယူမှုတွေ ဖွင့်လိုက်ပါပြီ။ NEO ဟာ အိမ်အလုပ်တွေကို ကူလုပ်ပေးဖို့နဲ့ လူတစ်ယောက်ချင်းစီကို အကူအညီပေးဖို့ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး အိမ်အကူ လူတူ စက်ရုပ် ဖြစ်ပါတယ်။
![]()
သူက အဝတ်အစားတွေ ခေါက်ပေးနိုင်တယ်၊ အခန်းရှင်းပေးနိုင်တယ်၊ အချိန်ကျရင် သတိပေးတာတွေ လုပ်နိုင်ပါတယ်။ ဒါတွေအားလုံးကို အသံနဲ့ ဒါမှမဟုတ် app နဲ့ လွယ်လွယ်ကူကူ ခိုင်းလို့ရပါတယ်။

သူ့မှာပါတဲ့ ‘Chores’ feature က ပိုင်ရှင်တွေကို ဘာလုပ်ရမလဲဆိုတာ ခိုင်းဖို့၊ အချိန်သတ်မှတ်ဖို့၊ ဘာတွေလုပ်ပြီးပြီလဲဆိုတာ ကြည့်ဖို့ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး 1X က ကျွမ်းကျင်သူတစ်ယောက်က NEO ကို အသစ်အသစ်တွေ သင်ယူတတ်မြောက်ဖို့ အဝေးကနေ တိုက်ရိုက် လမ်းညွှန်သင်ပြပေးနိုင်ပါတယ်။
NEO မှာ AI assistant တစ်ယောက် ပါဝင်ပြီးသားပါ။ သူက ပတ်ဝန်းကျင် အခြေအနေကို နားလည်သလို၊ screen တွေ မလိုဘဲ လူတစ်ယောက်လို သဘာဝကျကျ စကားပြောနိုင်ပါတယ်။ သူ့ကို စကားလှမ်းပြောမှပဲ သူက နားထောင်ပါတယ်။ နောက်ပြီး ပစ္စည်းတွေကိုလည်း မှတ်မိနိုင်တယ်၊ ဥပမာ – သူတွေ့တဲ့ ဟင်းချက်စရာ ပစ္စည်းတွေကို ကြည့်ပြီး ဘာဟင်းချက်လို့ရမလဲဆိုတာတောင် အကြံပေးနိုင်ပါတယ်။
သူ့မှာ memory ပါတာကြောင့် ဈေးဝယ်စာရင်းတွေ၊ မွေးနေ့တွေနဲ့ အရင်က ပြောခဲ့တဲ့ စကားတွေကို သူက မှတ်မိနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သူက ပိုပြီး စမတ်ကျလာသလို၊ ကိုယ်နဲ့ ပိုပြီး ကိုက်ညီတဲ့ အကူတစ်ယောက် ဖြစ်လာမှာပါ။
သူ့ရဲ့ကိုယ်အလေးချိန်က ပေါင် ၆၆ (၃၀ ကီလို) ပဲ ရှိပေမယ့် ပေါင် ၁၅၄ (၇၀ ကီလို) အထိ မနိုင်ပါတယ်။ သူအလုပ်လုပ်တဲ့အသံက 22 dB ပဲ ရှိတာကြောင့် ရေခဲသေတ္တာတစ်လုံးရဲ့ အသံထက်တောင် ပိုတိတ်ဆိတ်ပါတယ်။
Tan (အသားရောင်)၊ Gray (မီးခိုးရောင်) နဲ့ Dark Brown (အညိုရင့်) ဆိုပြီး အရောင် ၃ မျိုး ရနိုင်ပါတယ်။ NEO ကို ၂၀၂၆ မှာ စတင် ပို့ဆောင်ပေးမှာ ဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၂၀,၀၀၀ ဖြစ်ပါတယ်။ ဒါမှမဟုတ် တစ်လကို ဒေါ်လာ ၄၉၉ နဲ့ ငှားသုံးတဲ့စနစ်နဲ့လည်း ရနိုင်ပါတယ်။ ပထမဆုံး U.S. မှာ စရောင်းမှာ ဖြစ်ပြီး ၂၀၂၇ ကျရင်တော့ ကမ္ဘာတစ်ဝန်းကို တိုးချဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : Technology Innovation