Rockstar က Grand Theft Auto: The Trilogy – The Definitive Edition ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီမှာ Grand Theft Auto III, Grand Theft Auto Vice City နဲ့ Grand Theft Auto San Andreas တို့ ပါဝင်ပါတယ်။
— Rockstar Games (@RockstarGames) October 8, 2021
အစောပိုင်းမှာ Console နဲ့ PC တို့အတွက် ဖြန့်ချိမှာ ဖြစ်ပြီး ထောက်ပံ့တဲ့ Console တွေထဲမှာ Sony PlayStation 5, PlayStation 4, Microsoft Xbox Series X|S, Xbox One နဲ့ Nintendo Switch တို့ ပါဝင်ပါတယ်။ PC မှာ Rockstar Launcher ကနေ အဲဒီ ဂိမ်းကို ကစားနိုင်မှာပါတယ်။ Rockstar က ဒီနှစ်နှောင်းပိုင်းလို့ ပြောပေမယ့် နေ့ရက်အတိအကျကို မပြောသေးပါဘူး။
စိတ်ဝင်စားစရာကောင်းတာက Trilogy ကို iOS နဲ့ Android အတွက်ပါ ဖြန့်ချိပေးမှာ ဆိုတာပါ။ Rockstar က အဲဒီ ပလက်ဖောင်းတွေအတွက် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ဖြန့်ချိမယ်လို့ ပြောပေမယ့် အသေးစိတ်ကို မကြေညာသေးပါဘူး။
Grand Theft Auto: The Trilogy – The Definitive Edition မှာ ဂိမ်း ၃ ခုစလုံးအတွက် Graphic အပိုင်းမှာ ပိုကောင်းအောင်ပြုလုပ်ထားမှာ ဖြစ်သလို Gameplay တွေဟာ ပိုခေတ်မှီလာမှာ ဖြစ်ပါတယ်။ မူလ ဂိမ်းတွေရဲ့ အရသာ မပျောက်စေဘဲ ဖန်တီးထားမှာ ဖြစ်ပါတယ်။ Rockstar ဟာ လာမယ့် ၁ ပတ်မှာ အဲဒီ မူလ ဂိမ်းတွေကို ဖယ်ရှားတော့မှာ ဖြစ်ပြီး Definitive Editon ကို အဲဒီ ဂိမ်းတွေနေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။
Ref : gsmarena