Rockstar က  Grand Theft Auto: The Trilogy – The Definitive Edition ကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီမှာ Grand Theft Auto III, Grand Theft Auto Vice City နဲ့ Grand Theft Auto San Andreas တို့ ပါဝင်ပါတယ်။

အစောပိုင်းမှာ Console နဲ့ PC တို့အတွက် ဖြန့်ချိမှာ ဖြစ်ပြီး ထောက်ပံ့တဲ့ Console တွေထဲမှာ Sony PlayStation 5, PlayStation 4, Microsoft Xbox Series X|S, Xbox One နဲ့ Nintendo Switch တို့ ပါဝင်ပါတယ်။ PC မှာ Rockstar Launcher ကနေ အဲဒီ ဂိမ်းကို ကစားနိုင်မှာပါတယ်။ Rockstar က ဒီနှစ်နှောင်းပိုင်းလို့ ပြောပေမယ့်  နေ့ရက်အတိအကျကို မပြောသေးပါဘူး။

Grand Theft Auto: The Trilogy – The Definitive Edition Announced

စိတ်ဝင်စားစရာကောင်းတာက Trilogy ကို iOS နဲ့ Android အတွက်ပါ ဖြန့်ချိပေးမှာ ဆိုတာပါ။ Rockstar က အဲဒီ ပလက်ဖောင်းတွေအတွက် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ဖြန့်ချိမယ်လို့ ပြောပေမယ့် အသေးစိတ်ကို မကြေညာသေးပါဘူး။

Grand Theft Auto: The Trilogy – The Definitive Edition မှာ ဂိမ်း ၃ ခုစလုံးအတွက် Graphic အပိုင်းမှာ ပိုကောင်းအောင်ပြုလုပ်ထားမှာ ဖြစ်သလို Gameplay တွေဟာ ပိုခေတ်မှီလာမှာ ဖြစ်ပါတယ်။ မူလ ဂိမ်းတွေရဲ့ အရသာ မပျောက်စေဘဲ ဖန်တီးထားမှာ ဖြစ်ပါတယ်။ Rockstar ဟာ လာမယ့် ၁ ပတ်မှာ အဲဒီ မူလ ဂိမ်းတွေကို ဖယ်ရှားတော့မှာ ဖြစ်ပြီး Definitive Editon ကို အဲဒီ ဂိမ်းတွေနေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။

Ref : gsmarena