Rolls-Royce က Spirit of Innovation အမည်ရ သူ့ရဲ့ လျှပ်စစ် လေယာဉ်ဟာ ကမ္ဘာ့ အမြန်ဆုံး ဖြစ်လာတယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အဲဒီ လေယာဉ်ဟာ ကမ္ဘာ့ စံချိန်အသစ် ၂ ခုကို တင်နိုင်ခဲ့ပြီး အခုတော့ လေယာဉ် စံချိန်တွေကို မှတ်တမ်းတင်တဲ့ World Air Sports Federation (FAI) က တရားဝင် အသိအမှတ်ပြုလိုက်ပါပြီ။

Rolls-Royce’s all-electric ‘Spirit of Innovation’ aircraft officially becomes the world’s fastest.

နိုဝင်ဘာလမှာ Spirit of Innovation ဟာ ၃ ကီလိုမီတာ အကွာအဝေးကို ၁ နာရီလျှင် ၅၅၅.၉ ကီလိုမီတာ အမြန်နှုန်းနဲ့  မောင်းနှင်နိုင်ခဲ့ပြီး လက်ရှိ စံချိန်ဖြစ်တဲ့ ၁ နာရီလျှင်  ၂၁၃.၀၄ ကီလိုမီတာကို ကျော်တက်နိုင်ခဲ့ပါတယ်။ နောက်ဆုံးစံချိန်က တစ်နာရီလျှင် ၆၂၃ ကီလိုမီတာ ဖြစ်ပြီး ကမ္ဘာ့ အမြန်ဆုံး လျှပ်စစ် လေယာဉ် ဖြစ်လာခဲ့ပါတယ်။

Rolls-Royce all-electric aircraft breaks world records - BBC News

နောက်ထပ် စံချိန် ၁ ခုက အချိန် အမြန်ဆုံး ပျံတက်နိုင်တဲ့ အမြင့် ဖြစ်ပြီး ၂၀၂ စက္ကန့်အတွင်းမှာ ၃,၀၀၀ မီတာ အထိ ပျံသန်းနိုင်ခဲ့ကာ လက်ရှိ စံချိန်ထက် စက္ကန့် ၆၀ လျော့နည်းသွားတာ ဖြစ်ပါတယ်။ အဲဒီစံချိန်အားလုံးကို ၁ ရက်ထဲမှာ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ စံချိန်တင်တဲ့ ပျံသန်းမှုတွေမှာ Rolls-Royce ဟာ အနာဂတ်မှာ ထုတ်မယ့် မြို့တွင်းသွား လျှပ်စစ် လေယာဉ်တွေနဲ့ လောင်စာဆီ၊ လျှပ်စစ် ၂ မျိုးသုံး လေယာဉ်တွေအတွက် အရေးကြီတဲ့ ဒေတာတွေကို ကောက်ယူခဲ့ပါတယ်။ ကုမ္ပဏီက ဘက်ထရီလို တက္ကစီ လေယာဉ်တွေ လိုအပ်တဲ့ အရာတွေဟာ Spirit of Innovation ကို ဖန်တီးထားတာနဲ့ တော်တော် ဆင်တူတယ်လို့ပြောပါတယ်။

Ref : inceptivemind