ဒီဇိုင်းဆန်းတဲ့ Foldable စမတ်ဖုန်း Royole FlexPai 2 ကို မတ်လမှာ ကြေညာခဲ့ပေမယ့် Specs အများစုကို မပြောခဲ့ပါဘူး။ စက်တင်ဘာလ ၂၂ ရက်နေ့မှာ Specs အပြည့်အစုံကို မိတ်ဆက်မယ်လို့ မနေ့ကပဲ သတင်းထွက်လာခဲ့ပါတယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ အဲဒီ ဖုန်းရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေဟာ TENAA ကနေ ထွက်လာပြီး ဖုန်း ဒီဇိုင်းကို လေ့လာခွင့်ရလာပါတယ်။

Royole FlexPai 2 ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူညီပြီး ဖုန်း ပတ်ပတ်လည်ကို ကွေးညွှတ် မျက်နှာပြင်နဲ့ ပတ်ထားပါတယ်။ အရင်မျိုးဆက်ထက် မျက်နှာပြင် ပတ်လည်က ဘောင်တွေ ပိုပါးလွှာလာပြီး ကင်မရာ ၂ လုံး အပို ထည့်ထားပါတယ်။ မျက်နှာပြင် အရွယ်အစားက ၇.၈ လက်မ ဖြစ်ပြီး AMOLED အမျိုးအစား ဖြစ်ပါတယ်။ 4:3 Aspect Ratio နဲ့ 1920x1440p Resolution ထောက်ပံ့ထားပါတယ်။

ကင်မရာတွေ အကြောင်း ပြောရမယ်ဆိုရင် 64MP Main , 16MP , 8MP နဲ့ 32MP တွေ ထည့်သွင်းထားပြီး ကင်မရာ Sensors အမျိုးအစားတွေကို မသိရသေးပါဘူး။ ဓါတ်ပုံအရ ကင်မရာတွေရဲ့ အောက်မှာ LED Flash ၁ လုံးနဲ့ စပီကာ ၁ လုံး ထည့်သွင်းထားပါတယ်။

Snapdragon 865 Chipset မောင်းနှင်ထားပြီး 8/12GB RAM နဲ့ 256/512GB Storage တွေ ထုတ်လုပ်ထားမှာပါ။ ဖြန့်ထားရင် အရွယ်အစား အပြည့်အစုံမှာ 186.2×133.8×6.5(mm) ဖြစ်ပြီး ၃၄၀ ဂရမ်လေးပါတယ်။ Magic Gold, Dark Night Black နဲ့ Star Grey အရောင်တွေ ထုတ်လုပ်ထားပြီး Android 10 နဲ့ 4,450mAh ဘက်ထရီ ပါပါတယ်။

Ref : gsmarena