Google Pixel 6 Series ကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကြေညာမယ်လို့ ထင်ရပြီး တချို့ကတော့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ရောင်းမယ်လို့ ပြောနေကြပါတယ်။ အခုတော့ အဲဒီ စွမ်းရည်မြင့် စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေ ဥရောပ Carrier ၁ ခုကနေ ပေါက်ကြားထွက်ပေါ်လာပြီး မျှော်မှန်းထားတာထက် ဈေးသက်သာနေပါတယ်။ Pixel 6 Pro ရဲ့ Hands-on Video ကို အရင်က မျှဝေခဲ့ဖူးတဲ့ This is Tech Today YouTube Channel ကနေ ဒီသတင်းအချက်အလက်တွေ ထွက်ပေါ်လာတာပါ။

Pixel 6 Series အကြောင်းပြန်ဆက်ရရင် Pixel 6 အတွက် 8/128GB နဲ့ 8/256GB Configuration ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး ယူရို ၅၅၀ နဲ့ ၆၅၀ အသီးသီး သတ်မှတ်ထားမှာပါ။ Pixel 5 8/128GB ရဲ့ဈေးတောင် ယူရို ၆၃၀ ရှိခဲ့တာပါ။

Google's exciting new Pixel 6 design leaked again - News Update

Pixel 6 Pro ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ယူရို ၉၀၀ သတ်မှတ်ထားပါတယ်။ 12GB RAM ထည့်ထားပြီး 128GB , 256GB နဲ့ 512GB Storage တွေ ရွေးချယ်နိုင်မှာပါ။ Storage ပိုများတာကို လိုချင်ရင် ယူရို ၁၀၀ စီ ပိုများသွားနိုင်ပါတယ်။

Pixel 6 နဲ့ 6 Pro ကြားမှာ ယူရို ၃၅၀ တောင် ကွာခြားနေတာက များတယ်လို့ ပြောနိုင်ပါတယ်။ ဈေးကွာသလို Hardware တွေလည်း ကွာသွားမှာပါ။ Pro မှာ RAM / Storage ပိုများသလို ပိုကြီး၊ ပိုကြည်လင်ပြတ်သားတဲ့ ၆.၇ လက်မ QHD မျက်နှာပြင် ပါလာမှာပါ။ ( Pixel 6 မှာ ၆.၄ လက်မ FHD ပဲ ထည့်ထားမှာပါ။) Pro မှာ ပိုမြန်တဲ့ 33W Fast Charging ၊ 4x Telephoto ကင်မရာတွေ ထည့်သွင်းထားမှာဖြစ်ပြီး မော်ဒယ် ၂ ခုအတွက် ထုတ်လုပ်ထားတဲ့ အရောင်တွေလည်း တူညီမှာ မဟုတ်ပါဘူး။

Ref : gsmarena