ရုရှားနိုင်ငံက သူတို့ရဲ့ AI နဲ့ထုတ်ထားတဲ့ ကင်ဆာဆေးဖြစ်တဲ့ Enteromix ဟာ အစောပိုင်းစမ်းသပ်မှုတွေမှာ ထိရောက်မှု ၁၀၀ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

How Russian cancer vaccines EnteroMix and personalized mRNA work to control  the life-threatening disease - The Economic Times

အဲဒီကာကွယ်ဆေးကို National Medical Research Radiological Center နဲ့ Engelhardt Institute of Molecular Biology တို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Enteromix မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေလိုပဲ mRNA နည်းပညာကို အသုံးပြုထားပေမယ့် လူနာတစ်ဦးချင်းစီရဲ့ ကင်ဆာအကျိတ်အခြေအနေနဲ့ ကိုက်ညီအောင် အထူးပြုလုပ်ထားတာ ဖြစ်ပါတယ်။

Russia unveils Enteromix mRNA cancer vaccine, 100% safe

အူမကြီးကင်ဆာ လူနာ ၄၈ ယောက်နဲ့ စမ်းသပ်ခဲ့တဲ့အခါ အဲဒီဆေးဟာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိဘဲ ကင်ဆာအကျိတ်တွေကို ကျုံ့သွားစေခဲ့ပြီး တစ်ချို့လူနာတွေမှာဆိုရင် ကင်ဆာကို လုံးဝပျောက်ကင်းစေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကာကွယ်ဆေးဟာ mRNA နည်းပညာနဲ့ အန္တရာယ်မရှိတဲ့ oncolytic ဗိုင်းရပ်စ်တွေကို အသုံးပြုပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကင်ဆာဆဲလ်တွေ တိုက်ခိုက်တတ်အောင် လေ့ကျင့်ပေးတဲ့နည်းနဲ့ အလုပ်လုပ်ပါတယ်။

ဦးနှောက်ကင်ဆာ (glioblastoma) နဲ့ အရေပြားကင်ဆာ (melanoma) အတွက် ကာကွယ်ဆေးဗားရှင်းတွေကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားနေပေမယ့် လက်ရှိမှာတော့ အူမကြီးကင်ဆာကိုပဲ အဓိက အာရုံစိုက်ထားပါတယ်။

ဒါပေမယ့် ဒါတွေဟာ အစောပိုင်း ရလဒ်တွေသာ ဖြစ်ပြီး၊ အများပြည်သူအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခင်မှာ  ပိုကြီးမားတဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Ref : Technology Innovation