“အစွန်းရောက် အကြောင်းအရာတွေ” နဲ့ “LGBT ဝါဒဖြန့်ချိမှုတွေ” ဖြန့်ဝေနေတယ်လို့ ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့ Roskomnadzor က စွပ်စွဲပြီးတဲ့နောက် ရုရှားနိုင်ငံက Roblox ပလက်ဖောင်းကို ဝင်ရောက်အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။
Roblox မှာ ကလေးတွေရဲ့ “စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ကျင့်တရား ဖွံ့ဖြိုးမှု” ကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ပါဝင်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီပိတ်ပင်မှုဟာ ပြည်ပနည်းပညာတွေနဲ့ LGBTQ ဆက်စပ်အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမယ့် လုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ တိုးမြှင့်သတ်မှတ်ထားတဲ့ “LGBT ဝါဒဖြန့်ချိမှုဆိုင်ရာ” ဥပဒေတွေနဲ့ အနောက်နိုင်ငံက ပလက်ဖောင်းတွေအပေါ် ဖိအားပေးမှုတွေ မြင့်တက်လာပြီးနောက်မှာ ထွက်ပေါ်လာတာပါ။
ရုရှားဟာ Roblox မှာ တကယ်ရှိနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းရေးပြဿနာတွေကို လစ်လျူရှုပြီး ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာတွေကိုပဲ ပစ်မှတ်ထားနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။ လက်ရှိမှာတော့ နိုင်ငံအတွင်း အဲဒီပလက်ဖောင်းကို ရှေ့ဆက်သုံးခွင့်ရမလား ဆိုတာကတော့ မသေချာသေးပါဘူး။
Ref : Fossbytes