ရုရှားဟာ ပြည်တွင်း Cryptocurrency ဈေးကွက်ကို တရားဝင် ဖန်တီးပေးဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် Mining နဲ့ Mining pools တွေအတွက် တရားဝင် ဥပဒေကန့်သတ်ချက်တွေ ပြဌာန်းလာပြီး နိုင်ငံရဲ့စီးပွားရေးကို ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေနဲ့ ပေါင်းစည်းဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက ပါလီမန်အောက်လွှတ်တော်၊ ရုရှားနိုင်ငံ ဒူးမားမှာ Cryptocurrency တူးဖော်ခြင်းနဲ့၊ Cryptocurrency တူးဖော်ရောင်းချခြင်းတွေကို တရားဝင်ဖြစ်စေမဲ့ ဥပဒေကြမ်းတစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ Cryptocurrency ဟာ ရုရှားနိုင်ငံမှာ အခြေတကျ အသုံးပြုလို့မရနိုင်သေးတာလည်း ဖြစ်ပါတယ်။

ဥပဒေကြမ်းဟာ လာမဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်ဖို့မျှော်လင့်ထားပြီး လာမဲ့ဒီဇင်ဘာလမှာ ပါလီမန်လွှတ်တော် ဖတ်ကြားမှုသုံးရပ်စလုံးက အတည်ပြုနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ အခြားသတင်းရင်းမြစ်တွေကတော့ ဥပဒေကြမ်းဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဥပဒေဖြစ်လာမယ်လို့ ဆိုပါတယ်။

အဆိုပြုဥပဒေမှာ “Mining ကနေရရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို ရုရှားသတင်းအချက်အလက် အခြေခံအဆောက်အအုံက ချမှတ်ထားတဲ့စမ်းသပ်တရားဥပဒေနဲ့အညီ အရောင်းအဝယ်ကိစ္စတွေကလွဲရင် အသုံးမပြုကြောင်း၊ ဒီအခြေအနေမှာ Mining လုပ်ထားသူက သူ့ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို အပြီးအပြတ်ဖယ်ရှားနိုင်ကြောင်း” ထည့်သွင်းထားပါတယ်။

ဒီဥပဒေကို အတည်ပြုခြင်းအားဖြင့် ရုရှားအစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ထုတ်ပေးခြင်းနဲ့ လည်ပတ်ခြင်းဆိုင်ရာကိစ္စတွေအတွက် ဥပဒေစိုးမိုးရေးအလေ့အကျင့်ကို ဖွဲ့စည်းနိုင်စေမယ်လို့ ဆိုပါတယ်။ စမ်းသပ်ရောင်းချမှုစနစ်ကတော့ ၂၀၂၀ ပြည့်နှစ်မှာ အတည်ပြုခဲ့တဲ့ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဥပဒေ ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။

ဥပဒေအတည်ပြုပြီးရင်တော့ Cryptocurrency ရောင်းချမှုအတွက် ရုရှားပလက်ဖောင်းတစ်ခုကို တည်ဆောက်မှာဖြစ်ပြီး ရုရှား Miners တွေအနေနဲ့ နိုင်ငံခြားပလက်ဖောင်းတွေကိုလည်း အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအခြေအနေမှာ ရုရှားငွေကြေးထိန်းချုပ်မှုနဲ့ စည်းမျဉ်းတွေဟာ ငွေပေးငွေယူကိစ္စတွေအတွက် သက်ရောက်မှာမဟုတ်ပေမဲ့ ရုရှားအခွန်ဌာနကိုတော့ တိုင်ကြားရမယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ရုရှားမှာ Crypto mining တွေတွင်ကျယ်နေပေမဲ့ ဒီလုပ်ငန်းတွေအတွက် အခွန်ကောက်ခံခြင်းဆိုင်ရာ ဥပဒေမရှိသေးတာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယူကရိန်းကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ပိတ်ဆို့ခံရုရှားအနေနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုပလက်ဖောင်းကနေ ထွက်ပေါက်ရှာဖို့ အသည်းအသန်ကြိုးပမ်းနေတာတော့ ထင်ရှားပေါ်လွင်နေပြီ ဖြစ်ပါတယ်။

Ref: COINTELEGRAPH