ရုရှား အစိုးရဟာ ယူကရိန်းကို ကျူးကျော်နေတဲ့ ကာလမှာ သတင်းအရင်းအမြစ်တွေကို ထိန်းချုပ်မှုတွေ ပိုများသထက် များလာပါတယ်။ ရုရှား အင်တာနက် သုံးစွဲသူတွေဟာ တချို့ အွန်လိုင်း အရင်းအမြစ်တွေ မကြာခင် ပျောက်ကွယ်သွားနိုင် သို့မဟုတ် ရယူသုံးစွဲဖို့ ခက်ခဲသွားနိုင်တယ်ဆိုတာ သိနားလည်လာကြပါပြီ။

Wikipedia – Writing in the Margins

ပူတင်ဟာ Meta ပိုင်တဲ့ Facebook နဲ့ Instagram တို့ဟာ အစွန်းရောက် အဖွဲ့အစည်းတွေ အဖြစ် ကြေညာထားပါတယ်။ လူသားတွေဟာ ဆိုရှယ်မီဒီယာတွေအတွက်ပဲ အင်တာနက် သုံးနေကြတာ မဟုတ်ဘဲ တခြား သတင်းအချက်အလက်တွေကိုပါ လေ့လာနေကြတာ ဖြစ်ပါတယ်။ အခုတော့ ရုရှား အင်တာနက် သုံးစွဲသူတွေဟာ ပူတင် မ Ban ခင် ဝီကီပီဒီးယားကို အလျှင်အမြန် Download လုပ်နေကြပါတယ်။

Wikipedia Deploys AI to Expand Its Ranks of Human Editors | WIRED

29GB ရှိတဲ့ ရုရှား ဘာသာစကား ဝီကီပီဒီးယား ဗားရှင်းကို ကျူးကျော်စစ် စတင်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နောက်ပိုင်း Download ပြုလုပ်တဲ့ အရေအတွက်ဟာ ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ၄,၀၀၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်ရင် ဝီကီပီဒီးယားကို Download လုပ်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ရုရှားက ဖြစ်ပြီး အရင်နှစ်ရဲ့ ၂ ရာခိုင်နှုန်းထက် အများကြီး တိုးတက်သွားပါတယ်။

ရုရှား အစိုးရက ဝီကီပီဒီးယား ဝက်ဘ်ဆိုက်ကို ပိတ်ပင်မယ်လို့ အခုထက်ထိ ခြိမ်းခြောက်ထားတာ မရှိသေးပေမယ့် အချိန်မရွေး ပိတ်ပင်နိုင်ပါတယ်။ ရုရှား အစိုးရဟာ ၂၀၁၅ ခုနှစ်တုန်းက ဆေးခြောက်နဲ့ ပတ်သက်တဲ့ ဆောင်းပါး ၁ ခုကို မဖယ်ရှားတဲ့အတွက် ဝီကီပီဒီးယားကို ပိတ်ပင်ခဲ့ဖူးပါတယ်။ အစိုးရရဲ့ စည်းမျဉ်းတွေကို မလိုက်နာတဲ့ သတင်းသမားတွေကို ထောင် ၁၅ နှစ်အထိ ချမယ်လို့ ခြိမ်းခြောက်ထားတဲ့ ပူတင်ဟာ ဝီကီပီဒီးယားကို ပိတ်ပင်ဖို့အတွက် လက်တွန့်နေမှာ မဟုတ်ပါဘူး။

Ref : androidpolice