Sputnik V ကို ထုတ်လုပ်ခဲ့တဲ့ ရုရှားနိုင်ငံရဲ့ Gamaleya အမျိုးသား သုတေသနစင်တာက AI နဲ့ ဒီဇိုင်းထုတ်ထားတဲ့   mRNA မယ်လနိုးမား ကင်ဆာကာကွယ်ဆေးကို လူတွေမှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ-အောက်တိုဘာလမှာ စတင် စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီ ကုထုံးမှာ artificial intelligence (AI) က လူနာတစ်ဦးချင်းစီရဲ့ အကျိတ်ရဲ့ မျိုးဗီဇတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ပတ်အတွင်းမှာ သီးသန့် မော်လီကျူး နမူနာပုံစံတွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။

Russia to Launch Revolutionary Free mRNA Cancer Vaccine in 2025 – IMAGE  Magazine

တိရစ္ဆာန်တွေနဲ့ စမ်းသပ်တဲ့အခါမှာ အကျိတ်ကြီးထွားမှုနဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားနိုင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လူတွေမှာ ပထမအဆင့် စမ်းသပ်မှုတွေကို မော်စကိုမြို့ရဲ့ ထိပ်တန်းကင်ဆာရောဂါကု စင်တာတွေမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး အစပိုင်းမှာ မယ်လနိုးမား ကင်ဆာကို ပစ်မှတ်ထားကာ နောက်ပိုင်းမှာတော့ ပန်ကရိယ၊ ကျောက်ကပ်နဲ့ အဆုတ်ကင်ဆာတွေအထိ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

တစ်လုံးကို အမေရိကန်ဒေါ်လာ ၂,၈၆၉ ကုန်ကျမယ့် အဲဒီကာကွယ်ဆေးကို ရုရှားအစိုးရက နိုင်ငံသားတွေအတွက် အခမဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပြီး ဒါက တစ်နိုင်ငံလုံးမှာ နှစ်စဉ် ကင်ဆာဖြစ်ပွားသူအသစ် ၆၂၅,၀၀၀ ကို ကုသမှုပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

Ref : Fossbytes