NFTs တွေဟာ အနာဂတ်မှာ အရမ်း ရေပန်းစားလာမယ့်အတွက် တောင်ကိုရီးယားရဲ့ မိုဘိုင်းနဲ့ ဂိမ်း ကုမ္ပဏီတွေဟာ NFTs or Non-fungible Tokens တွေနဲ့ ကစားသူတွေကို စွဲဆောင်နေပါတယ်။ အဲဒီ ကုမ္ပဏီတွေရဲ့ ရှယ်ယာ တန်ဖိုးတွေဟာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ထိုးတက်သွားပါတယ်။

NFTs ဟာ ဓါတ်ပုံ၊ ဗီဒီယိုနဲ့ စာသား တို့လို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး ပိုင်ဆိုင်သူကို Blockchain မှာ မှတ်တမ်းတင်ထားပါတယ်။ NFTs တွေကို Cryptocurrency နဲ့ ဝယ်ယူနိုင်ကြပါတယ်။

ဂိမ်း ကမ္ဘာမှာ ဇာတ်ကောင်၊ လက်နက်၊ စက်သုံး ယာဉ်နဲ့ တခြား Item တွေလို ဂိမ်းမှာ ကစားသူတွေ အသုံးပြုတဲ့ ပစ္စည်းတွေဟာ NFTs တွေ ဖြစ်နိုင်ပါတယ်။ အားသာချက်က NFTs တွေကို Cryptocurrency လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးနဲ့ အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။

South Korean game producers chase NFTs in real-money boost for players and  firms

တောင်ကိုရီးယား အာဏာပိုင်တွေက လူငယ်တွေ လောင်းကစားလုပ်တာ စွဲသွားမှာစိုးတဲ့အတွက် NFTs ပါတဲ့ ဂိမ်းတွေကို ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ အဲဒီ ဂိမ်းတွေကို တောင်ကိုရီးယား ပြင်ပမှာပဲ ကစားနိုင်ပါသေးတယ်။

တောင်ကိုရီးယားရဲ့ Game Rating And Administration Committee က “ Blockchain နည်းပညာကို ပိတ်ပင်တာ မဟုတ်ပါဘူး။ တကယ့် ငွေကြေးတွေနဲ့ လဲလှယ်နိုင်တဲ့ NFTs တွေ အသုံးချတာကိုပဲ ပိတ်ပင်ထားတာပါ။ “ လို့ ပြောပါတယ်။

ဒါပေမယ့်လည်း တောင်ကိုရီးယား ဂိမ်း ဖန်တီးသူ Wemade Co Ltd က ဩဂုတ်လမှာ NFTs ဂိမ်း ဖြစ်တဲ့ MIR4 ကို နိုင်ငံတကာမှာ ဖြန့်ချိခဲ့ပါတယ်။ အဲဒီ ဂိမ်းကို နိုင်ငံခြားမှာ ကစားသူ ၁.၃ သန်းကျော်ရှိပြီး ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးဟာ ၆၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါတယ်။

MIR4 ဂိမ်းမှာ ကစားသူတွေဟာ လက်နက်နဲ့ ဇာတ်ကောင်တွေရဲ့ စွမ်းအားကို တိုးမြှင့်ပေးတဲ့ ‘Dark Steel’ ကို Mining လုပ်ခြင်းဖြင့် ဝင်ငွေ ရှာနိုင်ပါတယ်။ အဲဒီ ဝင်ငွေတွေကို WEMIX Cryptocurrency နဲ့လဲလှယ်နိုင်ပါတယ်။ Wemade က နောက်ထပ် NFTs ဂိမ်း ၁ ခု ဖြစ်တဲ့ ‘Rise of Stars’ ကို နောက်နှစ်မှာ ဖြန့်ချိမှာပါ။

Ref : reuters