မနေ့က OGA Dota PIT Season2 ပြိုင်ပွဲရဲ့ ဥရောပဇုန် ဖိုင်နယ်ပွဲမှာ Alliance အသင်းဟာ Nigma အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၃ – ၂ ရလဒ်ဖြင့် ကပ်ရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲအပြီးမှာတော့ Alliance အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးဖြစ်တဲ့ လက်ရှိ Offlane ကစားသမား “S4” ဟာ Dota 2 Pro လောကမှာ လူအနည်းငယ်သာ ရရှိသေးတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

အဲ့ဒါကတော့ Dota 2 Pro ပြိုင်ပွဲပေါင်း ၂၀၀၀ ကျော်ကို ကစားခဲ့တဲ့ ငါးယောက်မြောက် ပရိုကစားသမား ဖြစ်လာခဲ့တာပါပဲ။ S4 အပါအဝင် ဒီစံချိန်ကို ပိုင်ဆိုင်ထားတဲ့ လူငါးဦးသာ ရှိသေးပြီး Dota 2 ရဲ့ဆယ်စုနှစ်တစ်ခုကြာ ခရီးမှာ အရေးပါဆုံး သူတွေထဲက တစ်ဦးဖြစ်လာခဲ့တာပါ။ အဆိုပါ ငါးယောက်ကတော့ Fly, Kuroky, N0tail, fy နဲ့ s4 တို့ပဲ ဖြစ်ပါတယ်။

ဒီငါးယောက်ထဲမှာ The Internati

onal ပြိုင်ပွဲ ချန်ပီယံဖြစ်ဖူးသူ သုံးယောက်ပါဝင်ပြီး s4, Kuroky, N0tail တို့ပဲ ဖြစ်ပါတယ်။ Fy ဟာ LGD အသင်းနဲ့ ဒုတိယနေရာ ရောက်ခဲ့ဖူးပြီး Fly ကတော့ တတိယနေရာသာ အမြင့်ဆုံး ရောက်ရှိခဲ့ဖူးပါတယ်။

ဂန္တဝင် ကစားသမားငါးဦးလုံးဟာ သူတို့ရဲ့ Dota 2 ပရို သက်တမ်းတလျှောက်မှာ ဆုကြေးငွေ အနည်းဆုံး ဒေါ်လာ ၂ သန်းကျော်စီ ပိုင်ဆိုင်ထားကြသူတွေလည်း ဖြစ်တာကြောင့် ဂိမ်းတစ်ပွဲဆော့ရင် ဒေါ်လာတစ်ထောင်ကျော် ရခဲ့တဲ့ သဘော ဖြစ်ပါတယ်။ ဒီထဲမှာ Kuroky နဲ့ N0tail တို့ကတော့ သူတို့ရဲ့အောင်မြင်မှုတွေကြောင့် ဝင်ငွေ ပိုများပါသေးတယ်။

ဒါပေမယ့် s4 ဟာ ဒီငါးယောက်ထဲမှာ နိုင်ပွဲရာခိုင်နှုန်းအများဆုံးဖြစ်ပြီး 66.95% တောင် ရှိပါတယ်။ Fy က လွဲရင် ကျန်တဲ့ လေးဦးဟာ မူရင်း Team Secret ထူထောင်စဉ်မှာ ပါဝင်ခဲ့သူများ ဖြစ်တာကလည်း ထူးခြားချက် တစ်ခုပါပဲ။

S4 ဟာ ၂၀၁၂ ခုနှစ်မှာ Dota 2 Pro အဖြစ် Team Empire အသင်းကနေ စတင်ခဲ့ပြီး No Tidehunter/ Alliance, Team Secret, OG, EG အစရှိ ထိပ်သီးအသင်းတွေမှာ ကစားခဲ့ဖူးသူပါ။ ၂၀၁၃ ခုနှစ်မှာ Alliance အသင်းနဲ့ Ti3 ကို အနိုင်ရရှိခဲ့ပြီး OG အသင်းနဲ့ နောက်ပိုင်းမှာ မေဂျာပြိုင်ပွဲ ၂ ခုကို ဗိုလ်စွဲခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ OG အသင်းကနေ ထွက်ခွာပြီး Evil Geniuses ကို ကူးပြောင်းခဲ့ပေမယ့် သူထွက်ပြီးမှ OG အသင်းဟာ Ti ကို နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလမှာတော့ Alliance အသင်းကို ပြန်လည် ဝင်ရောက်ခဲ့ပြီး အခုထိ ကစားနေခဲ့တာ ဖြစ်ပါတယ်။

Ref – AFKGaming