Saab ရဲ့ Gripen E တိုက်လေယာဉ်မှာ Centaur လို့အမည်ပေးထားတဲ့ AI agent ထည့်သွင်းထားပြီး လေယာဉ်အလိုအလျှောက်ပျံသန်းတာနဲ့ တိုက်ခိုက်တာကို ပြုလုပ်နိုင်ပါတယ်။ ပထမဆုံးစမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဒါဟာ အလိုအလျောက်လေကြောင်းတိုက်ခိုက်မှု နည်းပညာအတွက် အဓိကခြေလှမ်းသစ်တစ်ခု ဖြစ်လာပါတယ်။
Project Beyond အောက်မှာ ဆောင်ရွက်ခဲ့တဲ့ ဒီစမ်းသပ်မှုမှာ၊ ကာကွယ်ရေးနည်းပညာကုမ္ပဏီ Helsing က ဖန်တီးထားတဲ့ AI ကို (စမ်းသပ်လေယာဉ် သို့မဟုတ် simulator မဟုတ်ဘဲ) တကယ့်စစ်ဆင်ရေးသုံး တိုက်လေယာဉ်ထဲမှာ အပြည့်အဝ ပေါင်းစပ်ထည့်သွင်းခဲ့ပါတယ်။ အဆိုပါ AI ဟာ Beyond Visual Range (BVR) စစ်ဆင်ရေးတွေကို ပျံသန်းလုပ်ဆောင်ခဲ့ပြီး တကယ့်ပစ်မှတ်တွေကို ခြေရာခံခဲ့ပါတယ်။ ပျံသန်းနေစဉ် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်သွားချိန်မှာတောင် အချိန်နဲ့တပြေးညီ လိုက်လျောညီထွေ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်စွာ ပေါင်းစပ်နိုင်မှုဟာ Gripen E ရဲ့ software စွမ်းရည်ကို ပြသနေတဲ့အပြင်၊ ဒီဇိုင်းအသစ်ပြန်လည်ရေးဆွဲစရာမလိုဘဲ AI စွမ်းရည်တွေကို လျင်မြန်စွာအသုံးချနိုင်တဲ့ Saab ရဲ့ အားသာချက်ကိုလည်း ပေါ်လွင်စေပါတယ်။ နောက်ထပ် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ ဒီ Project ဟာ AI အကူအညီနဲ့ လုပ်ဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အနာဂတ်မှာ ပေါ်ထွက်လာစေမှာ ဖြစ်သလို ဆွီဒင် နိုင်ငံရဲ့ မျိုးဆက်သစ် ကာကွယ်ရေးမဟာဗျူဟာကို အားဖြည့်ပေးဖို့ ရည်ရွယ်ပါတယ်။
Ref : Tech Explorers