[Unicode]

ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်နေကြတဲ့ Samsung နဲ့ Huawei တို့ဟာ စမတ်ဖုန်းတစ်ခုတည်းတင် ထုတ်လုပ်တာမဟုတ်ဘဲ Chipset တွေလည်း ကိုယ်တိုင်ထုတ်လုပ်နေကြတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီကုမ္ပဏီကြီးတွေဟာ ထုတ်လုပ်မှုအရေအတွက်တွေ မြင့်တက်လာတာနဲ့အမျှ ပြင်ပတတိယအဖွဲ့အစည်းရဲ့ ထောက်ပံ့မှုယူရတာကို လျှော့ချဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။

Samsung ကလည်း သူ့ရဲ့ ထုတ်ကုန်အချို့မှာ Exynos တွေသုံးလာသလို၊ Huawei ကလည်း ကုမ္ပဏီထုတ်ဟန်းဆက်အတော်များများမှာ Kirin တွေပဲသုံးလာပါတယ်။ အချက်အလက်တွေအရဆိုရင်တော့ Samsung ဟာ သူ့ရဲ့ Mid-range စမတ်ဖုန်းတွေမှာ Exynos သုံးတဲ့နှုန်းက ၂၀၁၉ တတိယသုံးလပတ်မှာ ၈၀.၄ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ၂၀၁၈ တုန်းကတော့ ၆၁.၄ ရာခိုင်နှုန်းပဲ သုံးခဲ့တာပါ။

Huawei ကလည်း ၂၀၁၉ တတိယသုံးလပတ်အတွင်း တင်ပို့ရောင်းချတဲ့ စမတ်ဖုန်းတွေအနက် ၇၄.၆ ရာခိုင်နှုန်းက Kirin ပဲ သုံးထားတာပါ။ ၂၀၁၈ ကာလတူကိုကြည့်မယ်ဆိုရင် ၆၈.၇ ရာခိုင်နှုန်းပဲ သုံးထားခဲ့တာကို တွေ့ရပါတယ်။ Huawei ကတော့ Kirin chipset ကို Flagship တွေမှာ အသုံးများခဲ့ပြီးမှ Mid-range တွေဆီ တိုးချဲ့အသုံးပြုလာခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် Samsung ရော Huawei ပါ တစ်နှစ်ထက်တစ်နှစ် ကိုယ်ပိုင် Chipset တွေကို ပိုပြီး အသုံးများလာတာကို တွေ့နိုင်ပါတယ်။ အခြားတစ်ဘက်မှာတော့ Qualcomm ရဲ့ Huawei ဆီတင်ပို့ရောင်းချရမှုဟာ ၂၀၁၈ တတိယ သုံးလပတ်တုန်းက ၂၄ ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၂၀၁၉ တတိယသုံးလပတ်မှာတော့ ၈.၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားရပါတယ်။

MediaTek ကတော့ Huawei ဆီတင်ပို့ရောင်းချရမှုပမာဏ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၈ တတိယသုံးလပတ်တုန်းက ၇.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ၂၀၁၉ တတိယသုံးလပတ်မှာတော့ ၁၆.၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့တာပါ။ MediaTek ဟာ အဓိကအားဖြင့် Xiaomi, OPPO, Vivo တို့လို တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေဆီရောင်းချမှုကို Qualcomm နဲ့ ယှဉ်ပြိုင်ရဖွယ် ရှိပါတယ်။

Qualcomm ကတော့ ၂၀၁၉ တတိယသုံးလပတ်အထိ ဈေးကွက်ဝေစု ၃၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ မိုလ်ဘိုင်းပရိုဆက်ဆာဈေးကွက်ကို ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်နှစ်တွေမှာတော့ Qualcomm နဲ့ MediaTek တို့ရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာတာကို တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: Gizmochina

[Zawgyi]

Samsung နဲ႔ Huawei တို႔ ကိုယ္ပိုင္ Chipset ေတြ ပိုသုံးလာၿပီး Qualcomm နဲ႔ MediaTek ရဲ႕ ၿပိဳင္ဆိုင္မႈ ပိုျပင္းထန္လာဖြယ္ရွိ

ကမာၻ႔စမတ္ဖုန္းေဈးကြက္ကို ဦးေဆာင္ေနၾကတဲ့ Samsung နဲ႔ Huawei တို႔ဟာ စမတ္ဖုန္းတစ္ခုတည္းတင္ ထုတ္လုပ္တာမဟုတ္ဘဲ Chipset ေတြလည္း ကိုယ္တိုင္ထုတ္လုပ္ေနၾကတယ္ဆိုတာ အားလုံးသိၿပီးျဖစ္မွာပါ။ ဒီကုမၸဏီႀကီးေတြဟာ ထုတ္လုပ္မႈအေရအတြက္ေတြ ျမင့္တက္လာတာနဲ႔အမွ် ျပင္ပတတိယအဖြဲ႕အစည္းရဲ႕ ေထာက္ပံ့မႈယူရတာကို ေလွ်ာ့ခ်ဖို႔ ျပင္ဆင္ေနၾကတာလည္း ျဖစ္ပါတယ္။

Samsung ကလည္း သူ႔ရဲ႕ ထုတ္ကုန္အခ်ိဳ႕မွာ Exynos ေတြသုံးလာသလို၊ Huawei ကလည္း ကုမၸဏီထုတ္ဟန္းဆက္အေတာ္မ်ားမ်ားမွာ Kirin ေတြပဲသုံးလာပါတယ္။ အခ်က္အလက္ေတြအရဆိုရင္ေတာ့ Samsung ဟာ သူ႔ရဲ႕ Mid-range စမတ္ဖုန္းေတြမွာ Exynos သုံးတဲ့ႏႈန္းက ၂၀၁၉ တတိယသုံးလပတ္မွာ ၈၀.၄ ရာခိုင္ႏႈန္း ျဖစ္လာပါတယ္။ ၂၀၁၈ တုန္းကေတာ့ ၆၁.၄ ရာခိုင္ႏႈန္းပဲ သုံးခဲ့တာပါ။

Huawei ကလည္း ၂၀၁၉ တတိယသုံးလပတ္အတြင္း တင္ပို႔ေရာင္းခ်တဲ့ စမတ္ဖုန္းေတြအနက္ ၇၄.၆ ရာခိုင္ႏႈန္းက Kirin ပဲ သုံးထားတာပါ။ ၂၀၁၈ ကာလတူကိုၾကည့္မယ္ဆိုရင္ ၆၈.၇ ရာခိုင္ႏႈန္းပဲ သုံးထားခဲ့တာကို ေတြ႕ရပါတယ္။ Huawei ကေတာ့ Kirin chipset ကို Flagship ေတြမွာ အသုံးမ်ားခဲ့ၿပီးမွ Mid-range ေတြဆီ တိုးခ်ဲ႕အသုံးျပဳလာခဲ့တာပါ။

ဘယ္လိုပဲျဖစ္ျဖစ္ Samsung ေရာ Huawei ပါ တစ္ႏွစ္ထက္တစ္ႏွစ္ ကိုယ္ပိုင္ Chipset ေတြကို ပိုၿပီး အသုံးမ်ားလာတာကို ေတြ႕ႏိုင္ပါတယ္။ အျခားတစ္ဘက္မွာေတာ့ Qualcomm ရဲ႕ Huawei ဆီတင္ပို႔ေရာင္းခ်ရမႈဟာ ၂၀၁၈ တတိယ သုံးလပတ္တုန္းက ၂၄ ရာခိုင္ႏႈန္းရွိခဲ့ေပမယ့္ ၂၀၁၉ တတိယသုံးလပတ္မွာေတာ့ ၈.၆ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားရပါတယ္။

MediaTek ကေတာ့ Huawei ဆီတင္ပို႔ေရာင္းခ်ရမႈပမာဏ တိုးတက္လာခဲ့ပါတယ္။ ၂၀၁၈ တတိယသုံးလပတ္တုန္းက ၇.၃ ရာခိုင္ႏႈန္းသာ ရွိခဲ့ေပမယ့္ ၂၀၁၉ တတိယသုံးလပတ္မွာေတာ့ ၁၆.၇ ရာခိုင္ႏႈန္းအထိ ရွိလာခဲ့တာပါ။ MediaTek ဟာ အဓိကအားျဖင့္ Xiaomi, OPPO, Vivo တို႔လို တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြဆီေရာင္းခ်မႈကို Qualcomm နဲ႔ ယွဥ္ၿပိဳင္ရဖြယ္ ရွိပါတယ္။

Qualcomm ကေတာ့ ၂၀၁၉ တတိယသုံးလပတ္အထိ ေဈးကြက္ေဝစု ၃၁ ရာခိုင္ႏႈန္းကို ပိုင္ဆိုင္ထားၿပီး ကမာၻ႔ မိုလ္ဘိုင္းပ႐ိုဆက္ဆာေဈးကြက္ကို ဦးေဆာင္ထားႏိုင္ဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လာမယ့္ႏွစ္ေတြမွာေတာ့ Qualcomm နဲ႔ MediaTek တို႔ရဲ႕ ေဈးကြက္ၿပိဳင္ဆိုင္မႈက ပိုၿပီးျပင္းထန္လာတာကို ေတြ႕ျမင္ရဖြယ္ရွိပါတယ္။

Ref: Gizmochina