MediaTek နဲ့ Qualcomm တို့ကတော့ Mid-range 5G ချစ်ပ်ဆက်တွေကို အသီးသီးထုတ်ပြလာခဲ့ပြီး Samsung ကလည်း ဒီပြိုင်ပွဲကို Exynos 880 နဲ့ အမီလိုက်လာခဲ့ပါပြီ။ ရှေ့မှာ Vivo က သူတို့ရဲ့ Y70s စမတ်ဖုန်းကို Exynos 880 နဲ့ အရင်မိတ်ဆက်သွားလို့ အံ့ဩဖို့တော့ မရှိတော့ပါဘူး။

ဒီ SoC ကို 8nm FinFET Process နဲ့ထုတ်လုပ်ထားပြီး Cortex-A77 2GHz Core နှစ်ခုနဲ့ အနည်းငယ်ပိုသေးတဲ့ Cortex-A55 1.8GHz Core ခြောက်ခုတို့ဖြင့် ပေါင်းစပ်ထားပါတယ်။ GPU ကတော့ Mali-G76 MP5 ယူနစ်ပါ။ Built-in Modem ကတော့ Sub-6GHz 5G နက်ဝပ်တွေကို ထောက်ပံ့ပေးပြီး Download Speed 2.55Gbps ထိ ရရှိနိုင်ကာ Upload Speed 1.28Gbps ရမယ်လို့တော့ သီအိုရီအရ တွက်ချက်ထားပါတယ်။ သူ့မှာ MmWave တော့ မရနိုင်ပါဘူး။

သူ့ရဲ့ ISP Caps ကတော့ ကင်မရာတစ်လုံးတည်းဆိုရင် 64MP ထိဖြစ်ပြီး Dual ဆိုရင်တော့ 20MP + 20MP ထိ အသုံးပြုနိုင်မှာပါ။ Ultra HD ကို 30fps အမြင့်ဆုံးခွင့်ပြုပြီး FHD+ (2520 x 1080p) အထိ ရောက်ရှိနိုင်ပါတယ်။ Samsung ရဲ့ Spread Sheet အရ LPDRR4X မန်မိုရီနဲ့ UFS 2.1 Storage ထောက်ပံ့ပေးမှာပါ။

ဇွန်လ ၁ ရက်နေ့မှာ ထွက်လာမယ့် Vivo Y70s မှာ ပါလာမယ့်အတွက် စျေးကွက်ထဲကို ရောက်နှင့်နေပြီလို့ ဆိုရမှာဖြစ်ပြီး နောက်ထပ်ဘယ်ဖုန်းတွေမှာ အသုံးပြုလာမလဲလို့ စောင့်ကြည့်ရဦးမှာပါ။

Ref – GSMArena