Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ Galaxy Note20 Ultra, Note20, Galaxy Z Fold2 , Galaxy Z Flip 5G , Galaxy Watch 3 နဲ့ တက်ဘလက် အသစ်တွေကို ကြေညာခဲ့ပါတယ်။ Samsung က ဒါနဲ့တင် မကျေနပ်နိုင်သေးပါဘူး။ ဒီလ ၂၃ ရက်နေ့မှာ Unpacked Event ၁ ခုကို အွန်လိုင်းကနေ ကျင်းပမှာပါ။ “Galaxy Unpacked for Every Fan” လို့ နာမည်ပေးထားပြီး Galaxy S20 FE (Fan Edition) ကို ကြေညာမှာ သေချာပါတယ်။

မကြာခင်ကပဲ Verizon Website မှာ Galaxy S20 FE ရဲ့ သတင်းအချက်အလက်တွေကို တွေ့လာရပြီး တချို့ ဟာ့ဒ်ဝဲတွေဟာ S20 နဲ့ တူပါတယ်။ အဲဒီထဲမှာ 120Hz Refresh Rate နဲ့ Snapdragon 865 Processor တွေ ပါပါတယ်။ ဒါပေမယ့် ဈေးသက်သာအောင် 1080p Resolution ပဲ လျှော့ချထားပါတယ်။ ရောင်းမယ့် ဈေးကိုတော့ မသိရသေးပါဘူး။

Verizon က S20 Fan Edition ရဲ့ ပတ်ပတ်လည် ဓါတ်ပုံတွေကို Website မှာ ပြသထားပြီး Red, Dark Blue , Pink နဲ့ Mint Green အရောင်တွေ တွေ့ရပါတယ်။ Samsung က နိုင်ငံနဲ့ Carriers တွေ အလိုက် မတူညီတဲ့ အရောင်တွေ ရောင်းချနိုင်ပါတယ်။ Samsung ရဲ့ တရားဝင် ဖိတ်စာမှာ Dark Blue နဲ့ Mint ၂ ရောင်တွေ့ရပါတယ်။

Samsung ဟာ ပြဿနာများစွာ တက်ခဲ့တဲ့ Galaxy Note7 တုန်းကလည်း Fan Edition ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတော့ Fan Edition ကို Galaxy S20 အတွက် ပြန်လည် အသက်သွင်းတော့မှာပါ။

Ref : theverge