ကြော်ငြာတွေဟာ လုပ်ငန်းရှင်တွေအတွက်တော့ အရေးပါတဲ့ဈေးကွက်ချဲ့ထွင်ရေးလက်နက်တစ်ခုပါပဲ။ အလားတူပဲ မီဒီယာတွေအတွက်လည်း ဝင်ငွေရပေါက်ရလမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ Samsung ရဲ့ Stock UI apps မှာလည်း ကြော်ငြာတွေကို နှစ်အတော်ကြာတွေ့မြင်ရပါတယ်။ ဒီအတွက် ကုမ္ပဏီဟာ ဝေဖန်ပြစ်တင်မှုတွေကို မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက Samsung ဟာ သူ့ရဲ့ First-party apps ကနေ ကြော်ငြာတွေဖယ်ရှားပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ အခုတော့ Samsung Health နဲ့ Samsung Pay apps တွေမှာ ကြော်ငြာတွေကို စတင်ဖယ်ရှားနေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး Samsung Health မန်နေဂျာက Samsung ရဲ့ Community မှာ အတည်ပြုချက်ပေးခဲ့ပါတယ်။

Samsung Health app ရဲ့ထိပ်က Banner မှာ ကြော်ငြာတွေကို ဒီအောက်တိုဘာလ ၁ ရက်နေ့ကစတင်ပြီး မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် တောင်ကိုရီးယားမှာရှိတဲ့ Samsung Health နဲ့ Samsung Pay အသုံးပြုသူတွေဟာ ကြော်ငြာတွေပါဝင်ခြင်းမရှိဘဲ စိတ်အနှောင့်အယှက်ကင်းကင်း အသုံးပြုနိုင်ပြီလည်း ဖြစ်ပါတယ်။

ဒီ Community Forum က အခြားအသုံးပြုသူတစ်ဦးကလည်း Samsung Pay app မှာ ကြော်ငြာတွေ မမြင်တွေ့ရတော့ကြောင်းကို Screenshot နဲ့အတူ သတင်းမျှဝေခဲ့ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ အခြား Stock UI application တွေမှာလည်း ကြော်ငြာတွေကို ဖယ်ရှားလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena