Samsung က Generative AI နည်းပညာကို သူ့ရဲ့ Virtual Assistant Bixby မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Samsung ရဲ့ ထိပ်တန်း အရာရှိ ၁ ယောက်က ကုမ္ပဏီဟာ အဲဒီလို ပြုလုပ်ပေးဖို့ အစွမ်းကုန် ကြိုးစားနေတယ်လို့ ပြောပေမယ့် ထည့်သွင်းပေးမယ့် အချိန်ကို မပြောသွားပါဘူး။

Samsung Bixby to gain generative AI - GSMArena.com news

Samsung ဟာ Bixby ကို တီဗီနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေမှာ ထည့်သွင်းပေးထားပြီး ကုမ္ပဏီဟာ Bixby ကို တိုးတက်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေပါတယ်။

Samsung's Bixby voice assistant to get generative AI features soon

Bixby ဟာ Galaxy စမတ်ဖုန်းတွေမှာ ရောက်ရှိနေတာ ၇  နှစ်ကြာပြီ ဖြစ်ပြီး စွမ်းရည်မြင့် Galaxy S8 နဲ့အတူ Bixby ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Bixby မှာ တိုက်ရိုက် ဘာသာပြန်ပေးတာနဲ့ စားသောက်ဆိုင်ကို အကြံပြုပေးတာတို့လို  ထူးခြားဆန်းသစ်တဲ့ စွမ်းရည်တွေ ပါလာခဲ့ပါတယ်။

ဒါပေမယ့် Bixby ဟာ User က မေးခွန်းမေးမှ ဖြေကြားပေးတာ ဖြစ်ပြီး အင်တာနက် ကနေ အဖြေတွေကို ရှာဖွေပေးတာ ဖြစ်ပါတယ်။ သင့် မေးခွန်းအလိုက် စာသားနဲ့ ဓါတ်ပုံတွေကို ဖန်တီးပေးနိုင်တဲ့ OpenAI ရဲ့ ChatGPT နဲ့ Google Gemini တို့ရဲ့ စွမ်းရည်တွေ Bixby မှာ မပါရှိပါဘူး။

Ref : gsmarena