Samsung ကနေ အခုအချိန်မှာ သူ့ရဲ့ Camera Controller App ကို Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပြီး Galaxy S20 Series အသုံးပြုသူတွေအနေနဲ့ Galaxy Watch လည်းရှိတယ်ဆိုရင် Galaxy Watch ကနေ ဓါတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကူးနိင်တော့မှာဖြစ်ပါတယ်။

အခုလိုမျိုး ရိုက်ကူးဖို့အတွက်ကလည်း အလွန်လွယ်ကူပြီးတော့ Galaxy Store မှာရှိတဲ့ Camera Controller App ကို Download ပြုလုပ်ပြီးတော့ ကိုယ်သုံးချင်တဲ့ Galaxy Watch နဲ့ Sync လိုက်ရုံပဲဖြစ်ပါတယ်။ ပြီးတာနဲ့ Galaxy Watch ကိုဖုန်းကင်မရာရဲ့ Viewfinder နဲ့ Shutter Button အဖြစ်အသုံးပြုနိုင်မှာပါ။

Samsung ရဲ့ ပြောကြားချက်အရတော့ Camera Controller App Update နဲ့အတူ ယခင်တုန်းကရှိခဲ့တဲ့ Bugs တွေကိုလည်း ဖယ်ရှားခဲ့တယ်လို့သိရပါတယ်။

ဒီလိုမျိုး Camera Controller App နဲ့ ချိတ်ဆက်ဖို့အတွက်ကတော့ Galaxy Watch အပြင် Galaxy Watch Active နဲ့ Watch Active 2 တွေ Support ပြုလုပ်မှာဖြစ်သလို Galaxy S20 ၊ S20+ ၊ S20 Ultra ၊ S10 ၊ S10+ ၊ S10e ၊ S10 5G ၊ Note10 ၊ Note10+ ၊ Note10 5G ၊ Note10+ 5G နဲ့ Galaxy Fold ဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ထူးထူးခြားခြား Galaxy Z Flip ကတော့ ယခု List မှာပါဝင်ခြင်းမရှိပါဘူး။

Ref – GSM Arena