ဆမ္ေဆာင္းက ထုတ္လုပ္ဖို႔ၾကိဳးစားေနတဲ့ W2019 ဖုန္းဟာ သာမာန္စမတ္ဖုန္း မဟုတ္ဘဲ Flip ဖုန္းပုံစံ Screen ႏွစ္ခုနဲ႔ ထုတ္ကုန္သစ္ ျဖစ္ပါတယ္။ မၾကာခဏ သတင္းေပါက္ၾကားခဲ့ေပမယ့္ ေတာင္ကုိရီးယားအေျခစုိက္ ကုမၸဏီက လာမယ့္ ႏုိဝင္ဘာ ၉ ရက္ေန႔မွာ တရားဝင္ေၾကညာသြားမယ္လို႔ အခုမွ အတည္ျပဳလုိက္ပါတယ္။
မိတ္ဆက္ပြဲကို ရွန္ဟုိင္းျမဳိ႕အနီးက ဝူဇီျမိဳ႕မွာ ျပဳလုပ္သြားမွာျဖစ္ျပီး ဖိတ္စာကိုေတာ့ တရုတ္မီဒီယာေတြဆီ ပို႔ထားတာကို အခုလို ျမင္ရပါတယ္။ ဖုန္းရဲ႕အခ်က္အလက္ေတြကိုလည္း တရုတ္မွတ္ပုံတင္ဆုိက္ TENAA မွာ ေတြ႕ခဲ့ရျပီမုိ႔ ေတာ္ေတာ္မ်ားမ်ားကို သိေနႏွင့္ပါျပီ။ သာမာန္ေခါက္ဖုန္းေတြရဲ႕ ဒီဇုိင္းလုိလည္း မဟုတ္ဘဲ၊ ရုိးရုိး စမတ္ဖုန္းလိုေရာ၊ ယခင္ ေခါက္ဖုန္းေတြလိုပါ အသုံးျပဳႏုိင္မယ့္ ပုံစံ ျဖစ္ပါတယ္။
ဒီဖုန္းမွာ ေခါက္ထားလို႔ရတဲ့ 4.2” လက္မအရြယ္ Super AMOLED Display ႏွစ္ခု ပါဝင္မွာပါ။ Snapdragon 845 Chipset ကုိအသုံးျပဳထားျပီး ဘကၳရီပမာဏက 3000mAh ျဖစ္ပါတယ္။ ဘယ္ဘက္ျခမ္းမွာ Bixby ခလုတ္တစ္ခု ရွိေနမွာျဖစ္ေပမယ့္ Fingerprint ဖတ္စက္နဲ႔ 3.5mm Audio Jack ေပါက္တုိ႔ မပါပါဘူး။
ဖိတ္စာမွာ ေခါက္ဖုန္းႏွစ္လုံးကို အဂၤလိပ္စာလုံး ‘W’ ပုံစံ ေဖာ္ထားတာ ေတြ႕ရျပီး ဆမ္ေဆာင္းရဲ႕ W Line-up စတင္ရာ ျဖစ္လာမယ့္ ဖုန္းဟာ အကန္႔အသတ္နဲ႔သာ ထုတ္လုပ္သြားမွာ ျဖစ္တဲ့အတြက္ ေစ်းကေတာ့ ေတာ္ေတာ္ေလး ျမင့္ပါတယ္။
ဒီဖုန္းဟာ အနည္းဆုံး တရုတ္ယြမ္ေငြ ၁၇၀၀၀ သုိ႔မဟုတ္ ေဒၚလာ ၂၅၀၀ ဝန္းက်င္ထိေတာင္ ရွိမယ္လို႔ ခန္႔မွန္းရတယ္။ ယခင္ထြက္ေပၚထားတဲ့ အခ်က္အလက္ေတြအရ Android OS အသုံးျပဳမယ့္ ဖုန္းဟာ Rose Gold ကာလာ ရရွိႏုိင္ျပီး ပုိစတာထဲမွာေတာ့ အနီနဲ႔ အျပာေရာင္ကိုပါ ထပ္ျမင္ရတဲ့အတြက္ အနည္းဆုံးအေရာင္ကြဲ သုံးမ်ဳိးေတာ့ ရရွိႏုိင္မယ္လို႔ ယူဆရတယ္။
Ref – GSM Arena
Unicode
ဆမ်ဆောင်းက ထုတ်လုပ်ဖို့ကြိုးစားနေတဲ့ W2019 ဖုန်းဟာ သာမာန်စမတ်ဖုန်း မဟုတ်ဘဲ Flip ဖုန်းပုံစံ Screen နှစ်ခုနဲ့ ထုတ်ကုန်သစ် ဖြစ်ပါတယ်။ မကြာခဏ သတင်းပေါက်ကြားခဲ့ပေမယ့် တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီက လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ တရားဝင်ကြေညာသွားမယ်လို့ အခုမှ အတည်ပြုလိုက်ပါတယ်။
မိတ်ဆက်ပွဲကို ရှန်ဟိုင်းမြို့အနီးက ဝူဇီမြို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဖိတ်စာကိုတော့ တရုတ်မီဒီယာတွေဆီ ပို့ထားတာကို အခုလို မြင်ရပါတယ်။ ဖုန်းရဲ့အချက်အလက်တွေကိုလည်း တရုတ်မှတ်ပုံတင်ဆိုက် TENAA မှာ တွေ့ခဲ့ရပြီမို့ တော်တော်များများကို သိနေနှင့်ပါပြီ။ သာမာန်ခေါက်ဖုန်းတွေရဲ့ ဒီဇိုင်းလိုလည်း မဟုတ်ဘဲ၊ ရိုးရိုး စမတ်ဖုန်းလိုရော၊ ယခင် ခေါက်ဖုန်းတွေလိုပါ အသုံးပြုနိုင်မယ့် ပုံစံ ဖြစ်ပါတယ်။
ဒီဖုန်းမှာ ခေါက်ထားလို့ရတဲ့ 4.2” လက်မအရွယ် Super AMOLED Display နှစ်ခု ပါဝင်မှာပါ။ Snapdragon 845 Chipset ကိုအသုံးပြုထားပြီး ဘက္ထရီပမာဏက 3000mAh ဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်းမှာ Bixby ခလုတ်တစ်ခု ရှိနေမှာဖြစ်ပေမယ့် Fingerprint ဖတ်စက်နဲ့ 3.5mm Audio Jack ပေါက်တို့ မပါပါဘူး။
ဖိတ်စာမှာ ခေါက်ဖုန်းနှစ်လုံးကို အင်္ဂလိပ်စာလုံး ‘W’ ပုံစံ ဖော်ထားတာ တွေ့ရပြီး ဆမ်ဆောင်းရဲ့ W Line-up စတင်ရာ ဖြစ်လာမယ့် ဖုန်းဟာ အကန့်အသတ်နဲ့သာ ထုတ်လုပ်သွားမှာ ဖြစ်တဲ့အတွက် ဈေးကတော့ တော်တော်လေး မြင့်ပါတယ်။
ဒီဖုန်းဟာ အနည်းဆုံး တရုတ်ယွမ်ငွေ ၁၇၀၀၀ သို့မဟုတ် ဒေါ်လာ ၂၅၀၀ ဝန်းကျင်ထိတောင် ရှိမယ်လို့ ခန့်မှန်းရတယ်။ ယခင်ထွက်ပေါ်ထားတဲ့ အချက်အလက်တွေအရ Android OS အသုံးပြုမယ့် ဖုန်းဟာ Rose Gold ကာလာ ရရှိနိုင်ပြီး ပိုစတာထဲမှာတော့ အနီနဲ့ အပြာရောင်ကိုပါ ထပ်မြင်ရတဲ့အတွက် အနည်းဆုံးအရောင်ကွဲ သုံးမျိုးတော့ ရရှိနိုင်မယ်လို့ ယူဆရတယ်။
Ref – GSM Arena