Samsung က Galaxy S24 Series မှာ AI လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးခဲ့ပါတယ်။ လက်ရှိမှာ အဲဒီ ဖုန်း အသစ်တွေမှာပဲ Galaxy AI ကို ရထားပေမယ့် စွမ်းရည်မြင့် ဖုန်း အဟောင်း ပိုင်ရှင်တွေအတွက် သတင်းကောင်းထွက်လာပါတယ်။

Samsung Galaxy AI flagships

TechRadar နဲ့ အင်တာဗျူး တစ်ခုမှာ Samsung ရဲ့ Customer Experience ဌာနမှ အကြီးအကဲ Patrick Chomet က ၂၀၂၃ ခုနှစ်ထုတ် စွမ်းရည်မြင့် Device တွေမှာ Galaxy AI လုပ်ဆောင်ချက်အသစ်တွေ ရမယ်လို့ အတည်ပြုလိုက်ပါတယ်။

အဲဒီ Device တွေထဲမှာ  Galaxy S23, S23 FE, Z Fold 5, Z Flip 5 နဲ့ Tab S9 တို့ပါဝင်ပါတယ်။ အဲဒီ Device တွေမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ဖြန့်ချိမယ့် One UI 6.1 ကနေ AI လုပ်ဆောင်ချက်အသစ်တွေကို ရကြမှာပါ။

Samsung finally announces the Galaxy S24 Series launch date - Dexerto

အံ့အားသင့်စရာကောင်းတာက Galaxy S22 အပါအဝင် ၂၀၂၂ ခုနှစ် Device တွေဟာ One UI 6.1 Update ကို ရကြမှာ ဖြစ်ပေမယ့် Galaxy AI ရမလားဆိုတာ မသေချာပါဘူး။ Samsung ကလည်း အဲဒီအကြောင်းဘာမှ မပြောသေးပါဘူး။

Chomet က လက်ရှိမှာ နောက်ဆုံး မျိုးဆက် Device တွေအတွက် ဖြန့်ချိတာကို ကန့်သတ်ထားတယ်လို့ ပြောပါတယ်။ အဲဒီအတွက် S22 ပိုင်ရှင်တွေဟာ Galaxy AI ရဖို့ မသေချာသေးပါဘူး။

Ref : gizmochina