Samsung Galaxy S20, S20+ နဲ့ S20 Ultra တို့ရဲ့ သတင်းများစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Samsung က နောက်မျိုးဆက် စွမ်းရည်မြင့် ဖုန်းတွေရဲ့ နာမည်ကို အတည်မပြုရသေးပါဘူး။ အခုတော့ Samsung Germany Website က Galaxy S20 အတွက် နောက်ထုတ်မယ့် LED Case ကို မတော်တဆ စာရင်းတင်လိုက်မိပြီး Galaxy S20 နာမည်ကို အတည်ပြုလိုက်သလို ဖြစ်သွားပါတယ်။

အဲဒီနောက်မှာ ကုမ္ပဏီက အဲဒီ Web Page ကို ချက်ချင်း ဖယ်ရှားလိုက်ပေမယ့် WinFuture က Screenshots တွေကို အမိဖမ်းယူလိုက်နိုင်ပါတယ်။ အရင်ကတော့ အဲဒီ ဖုန်း အသစ်တွေကို Galaxy S11 Series လို့ နာမည်ပေးထားမယ်လို့ပဲ ထင်ခဲ့ပေမယ့် Samsung က ဆယ်စုနှစ် ၁ ခုလောက်ကျော်ပြီး Galaxy S20 လို့ နာမည်ပေးထားမယ်လို့ နောက်ပိုင်းမှာ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီ သတင်းဟာ သေချာသလောက်ရှိသွားပါပြီ။

နောက်နှစ်မှာ S21 လို့ နာမည်ပေးထားနိုင်ပြီး S30 တော့ မဟုတ်လောက်ပါဘူး။ အခုနှစ်မှာ ၂၀၂၀ ခုနှစ် ဖြစ်တဲ့အတွက် Samsung က ဒီနှစ်မှာ S20 လို့ နာမည်ပေးတာဖြစ်နိုင်ပါတယ်။ Samsung Germany Website က Screenshots တွေမှာ S20 ရဲ့  ကင်မရာ အပါအဝင် အရှေ့နဲ့ အနောက်ဘက် ဒီဇိုင်းတွေကို မြင်ရပါတယ်။ ၂၀၂၀ ထုတ် ဖုန်းတွေရဲ့ အနောက်မှာ ကင်မရာ များစွာကို ထူထူထဲထဲ တပ်ဆင်ထားမှာ ဖြစ်တဲ့အတွက် ဖုန်း ဒီဇိုင်းက သိပ်မလှတော့ပါဘူး။ S20 Series တွေကို ဒီလ ၁၁ ရက်နေ့မှာ ကြေညာတော့မှာပါ။

Ref : gsmarena