Samsung ဟာ လက်ရှိစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Foldable စမတ်ဖုန်းတွေကို အများဆုံးထုတ်လုပ်နိုင်နေတာဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Display နည်းပညာအသစ်အဆန်းတွေကို Samsung ကနေ စမ်းသပ်ဆောင်ရွက်နေတယ်ဆိုပြီး ပြောကြားလိုက်ပါတယ်။

ဒါကတော့ Samsung Display ရဲ့ Senior Vice President ဖြစ်တဲ့ Choi Kwon-young ကနေ Rollable နဲ့ Slidable Display တွေကိုပါ ယခုနှစ်အတွင်း မိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက LG ကနေ Rollable စမတ်ဖုန်းအသစ်ကို ယခုနှစ်အတွင်းမိတ်ဆက်မယ်ဆိုပြီး ပြောကြားခဲ့ပေမယ့် အခုအချိန်မှာတော့ အချိန်ကို ဆက်တိုက်ရွေ့ဆိုင်းနေတာဖြစ်ပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ Galaxy Z Fold 2 နဲ့ Galaxy Z Flip စမတ်ဖုန်းတွေကို မိတ်ဆက်ထားပြီး ယခုနှစ်မှာလည်း မတူညီတဲ့ Foldable ဖုန်းအနည်းဆုံး ၂ မျိုးခန့် ထပ်မံမိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲ့ဒီအတွက် Rollable နဲ့ Sildeable Display တွေကို မိတ်ဆက်လာမယ်ဆိုရင်လည်း စမတ်ဖုန်းအနေနဲ့ မိတ်ဆက်တာမျိုးမဟုတ်ဘဲ နည်းပညာကိုပဲ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ဟာ ယခုနှစ်အတွင်းမှာ Under Display Selfie Camera နည်းပညာကိုလည်း Flagship ဖုန်းတွေမှာ ထည့်သွင်းသွားမယ်လို့ သိရတဲ့အတွက် Galaxy Z Fold 3 ဖုန်းမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena