Galaxy Fold 2 ဟာ S Pen နဲ့ ထွက်လာမယ်လို့ ကောလာဟလ ဖြစ်ခဲ့ဖူးပေမယ့်၊ တကယ်တမ်းမှာတော့ S Pen ပါမလာခဲ့ပါဘူး။ ဒါပေမယ့် တတိယမျိုးဆက်ဖြစ်တဲ့ Galaxy Fold မှာတော့ S Pen နဲ့ ဖြစ်လာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီကြီးဟာ မတူညီတဲ့ နည်းပညာကို အသုံးပြုပြီး ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ The Elec က UBI Research ကို ကိုးကားပြီး ပြောလိုက်ပါတယ်။

Galaxy Note တွေဟာ Electro-Magnetic Resonance (EMR) ကို အသုံးပြုပါတယ်။ ဒါဟာ Passive Stylus နဲ့ အလုပ်လုပ်ပြီး Active Electrostatic Solution (AES) stylus တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ယေဘုယျအားဖြင့် ဈေးသက်သာ၊ တိကျမှန်ကန်ပြီး၊ Latency နိမ့် တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် Samsung ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ၊ EMR digitizer ကို Ultra-Thin Glass (UTG) နဲ့ ပေါင်းစပ်တဲ့အခါမှာ ပြဿနာအချို့ရှိလာပြီး၊ Fold 2 မှာ S Pen ကို ချန်လှပ်ထားစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်မော်ဒယ်အတွက်လည်း ဒီပြဿနာကို အချိန်မီဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုရင် Samsung အနေနဲ့ AES ကိုပဲ ပြောင်းလဲသွားမယ်လို့ UBI Research က ခန့်မှန်းထားပါတယ်။

AES ကတော့ EMR ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာဖြစ်တဲ့ Cursor drift နဲ့ Jitter တို့လို ပြဿနာအချို့ကို ရှောင်ရှားနိုင်ပါတယ်။ AES ဟာ Pixel-perfect accuracy ကိုလည်း အတော်လေး နီးစပ်ပြီး၊ Microsoft surface tablet နဲ့ Apple iPad တို့မှာ တွေ့မြင်ရတဲ့ Tilt recognition ကိုလည်း ထောက်ပံ့ပေးပါတယ်။ အခုအခါမှာတော့ S Pen ကလည်း Tilt recognition ကို ခေတ္တထောက်ပံ့ပေမယ့် EMR အလုပ်လုပ်ပုံကြောင့် ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်၊ AES က လိုအပ်တဲ့ အာရုံခံကိရိယာတွေကို Samsung ရဲ့ AMOLED display မှာအသုံးပြုတဲ့ Y-OCTA hardware ကို ပေါင်းစပ်လိုက်ခြင်းဟာ IC design ကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။ LG Display နဲ့ BOE တို့ဟာ AES-based foldable screen တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အကယ်၍သာ Galaxy Fold3 က Stylus ထောက်ပံ့မယ်ဆိုရင်တော့ အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။

Ref: GSM Arena