Samsung ဟာ ယခုနှစ်အတွင်းမှာ Foldable စမတ်ဖုန်း ၃ မျိုးအထိ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါကတော့ Samsung Galaxy Z Flip ၊ Z Flip 5G နဲ့နောက်ဆုံး Galaxy Note 20 Series ဖုန်းတွေနဲ့အတူ Galaxy Z Fold 2 ကိုပါ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ Samsung Galaxy Z Flip ဖုန်းဟာ Design ပိုင်းအရ ယခင်တုန်းက ခေါက်ဖုန်းတွေနဲ့ဆင်တူတဲ့အတွက် အောင်မြင်မှုရရှိခဲ့တဲ့ Foldable ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ ဒါက စျေးနှုန်းအရလည်း Galaxy Z Flip ရော Z Flip 5G ဖုန်း ၂ မျိုးစလုံးက Galaxy Z Fold 2 ဖုန်းလောက် မမြင့်မားတာကြောင့်လည်းဖြစ်နိုင်သလို ပိုပြီး Compact ဖြစ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

အခုလည်း Samsung ကနေ နောက်ထပ် ဒီလိုမျိုး ခေါက်ချိုးနိုင်တဲ့ Galaxy Z Flip ပုံစံကိုမှ စျေးပိုသက်သာတဲ့ Lite Version အနေနဲ့ ထပ်မံမိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ DSCC ရဲ့ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပြီး တခြားသော Leak သတင်းတွေကတော့ ထွက်ရှိထားခြင်းမရှိသေးပါဘူး။

Samsung ဟာ ယခင်တုန်းက Galaxy Z Fold Lite စမတ်ဖုန်းကို ဒေါ်လာ ၁,၀၀၀ အောက်နဲ့ မိတ်ဆက်လာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့ပေမယ့် ကြည့်ရတာတော့ Galaxy Z Flip ကို အရင်ဆုံး Lite Version အနေနဲ့ မိတ်ဆက်လာနိုင်ပါတယ်။ Lite Version ဖြစ်တဲ့အတွက် ကျိန်းသေတာကတော့ Flagship Chipset အစား Mid Range Chipset ကိုပဲ အသုံးပြုလာနိုင်ပြီးတော့ 5G Network ကိုပါ Support ပြုလုပ်လာနိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ross Young ရဲ့ ပြောကြားချက်အရတော့ Galaxy Z Flip Lite စမတ်ဖုန်းဟာ လက်ရှိ Galaxy Z Flip နဲ့ Galaxy Z Fold 2 ဖုန်းတွေလိုမျိုးပဲ Ultra-Thin Glass (UTG) Display ကို အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Design ပိုင်းအရတော့ Samsung Galaxy Z Flip Lite က လက်ရှိ Z Flip ဖုန်းတွေလိုမျိုးပဲ Premium Design ကိုပဲ ဆက်လက်အသုံးပြုလာနိုင်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ အတိအကျမသိရှိရသေးပေမယ့် Galaxy Z Flip ဖုန်းကို ယခုနှစ် Galaxy S20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့အတွက် Galaxy Z Flip Lite ဖုန်းကိုလည်း လာမယ့် ဇန်နဝါရီလမှာ Galaxy S21 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China