Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy S20 FE ဖုန်းကို မိတ်ဆက်ခဲ့ပြီး Samsung အတွက် စျေးအသက်သာဆုံး Flagship ဖုန်းလို့တောင် ပြောနိုင်ခဲ့တာဖြစ်ပါတယ်။ Feature ပိုင်းတွေမှာလည်း Flagship Galaxy S20 Series တွေမှာပါဝင်တဲ့ Feature တွေအကုန်လုံးနီးပါး ပါဝင်တာကြောင့် အောင်မြင်မှုတွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung ဟာ ယခုနှစ်မှာလည်း Galaxy S21 FE ကို မိတ်ဆက်ဖို့ စီစဥ်ထားပေမယ့် Chipset Shortage ဖြစ်မှုပြဿနာနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် မိတ်ဆက်မယ့်အချိန်ကို ရွေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရတော့ Galaxy S21 FE ကို လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Tech သတင်းတွေကို Leak ပြုလုပ်တတ်တဲ့ Max Weinbach ကနေလည်း Samsung Store တစ်ခုမှာ Galaxy S21 FE ဖုန်းကို Display အနေနဲ့ ပြသထားတဲ့ ဓါတ်ပုံကိုပါ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Samsung အနေနဲ့ Galaxy S21 FE ဖုန်းကို ရောင်းချဖို့အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။

Samsung Galaxy S21 FE စမတ်ဖုန်းဟာ Qualcomm Snapdragon 888 Chipset ၊ 8GB RAM နဲ့ 128GB Storage တွေပါဝင်မှာဖြစ်ပြီး Display အနေနဲ့လည်း 120Hz Refresh Rate ကို Support ပေးထားတဲ့ 6.4″ OLED Display ပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 32MP + 12MP Ultrawide + 8MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကို တပ်ဆင်ထားမှာဖြစ်ပြီး Selfie Camera ကို 12MP Sensor အသုံးပြုထားမယ်လို့ သိရပါတယ်။ Battery ပိုင်းမှာတေ့ာ 4370mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy S21 FE ဟာ စျေးနှုန်းအနေနဲ့ မနှစ်တုန်းက Galaxy S20 FE ရဲ့ စျေးနှုန်းဖြစ်တဲ့ $699 ထက် ပိုသက်သာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။ Apple ကလည်း iPhone 13 Series ကို လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တာကြောင့် Samsung အနေနဲ့ တမင်ကို အဲ့အချိန်မတိုင်ခင် မိတ်ဆက်တာလားကတော့ စဥ်းစားစရာပါ။

Ref – Phone Arena