စာရွက်ပေါ်မှာတော့ Samsung Exynos 2100 က Snapdragon 888 ထက် ပိုကောင်းတဲ့ CPU ဖြစ်ပါတယ်။ Exynos 2100 ဟာ 2.9GHz Arm Cortex X1 core တစ်ခု၊ Cortex-A78 cores သုံးခု၊ Cortex-A55 cores လေးခုနဲ့ ဖြစ်ပါတယ်။ Qualcomm Snapdragon 888 ကတော့ ပုံစံတူ တည်ဆောက်မှုနဲ့ဖြစ်ပေမယ့် Clock speeds ပိုနိမ့်ပါတယ်။

Snapdragon 888 မှာ Adreno 660 GPU တပ်ဆင်ထားပြီး သူ့ရှေ့ကမျိုးဆက်ထက် ၃၅% ပိုမြန်ပြီး ၂၀% စွမ်းအားသက်ရောက်စေနိုင်တယ်လို့ ကုမ္ပဏီက အခိုင်အမာဆိုပါတယ်။ Exynos 2100 မှာတော့ Arm Mali G78 GPU နဲ့ဖြစ်ပြီး Exynos 990 ရဲ့ Mali G77 ထက် သိသိသာသာပိုတိုးတက်လာတယ်ဆိုပေမယ့် Adreno 660 GPU ထက် ပိုပြီးသာတယ်လို့တော့ မဆိုနိုင်ပါဘူး။

AMD ဟာ Samsung ရဲ့ မိုလ်ဘိုင်း GPU တွေအတွက် ကူညီနေပါတယ်။ ဒါကို ပြီးခဲ့တဲ့ Exynos 2100 event မှာ အတည်ပြုသွားတာပါ။ လာမယ့် Flagship ထုတ်ကုန်ဟာ AMD GPU နဲ့ ဖြစ်လိမ့်မယ်လို့ Chaebol ရဲ့ System LSI Business ဥက္ကဋ္ဌက အတည်ပြုပေးသွားတာ ဖြစ်ပါတယ်။

“The next flagship product” ဆိုတာ လာမယ့် Flagship chip ကို ဆိုလိုတာလား၊ ဒါမှမဟုတ် လာမယ့် ပရီမီယံဖုန်းကို ဆိုလိုတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒီပဟေဠိအတွက်အဖြေကို Ice Universe က တွစ်တာမှာ ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် လာမယ့် Flagship ထုတ်ကုန်ဟာ ဘာလဲဆိုတာကို သိလိုက်ရပါပြီ။

အစောပိုင်းမျှော်လင့်ထားတာက ဒီ Custom GPU ကို ၂၀၂၂ မှာ မိတ်ဆက်လာဖို့ပါ။ အခုအချိန်မှာ ကုမ္ပဏီနှစ်ခုဟာ အတူတကွအလုပ်လုပ်နေကြပြီး Samsung အနေနဲ့ AMD GPU ကို ဒီနှစ်ထဲမှာပဲ ထုတ်လွှတ်တော့မယ်လို့ Ice Universe က အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါကို ဒုတိယ၊ ဒါမှမဟုတ် တတိယသုံးလပတ်အတွင်း ကြေညာသွားဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

အသေးစိတ်အချက်အလက်ကို မဖော်ပြထားပေမယ့်၊ တွစ်တာမှာတွေ့မြင်ရတာကတော့ လာမယ့် Exynos 2xxx နဲ့ Exynos 1xxx chip တွေဟာ မျှော်လင့်ထားတာထက်စောပြီး အံ့အားသင့်စေမယ်လို့ ဖော်ပြထားတာပါ။ ဒါပေမယ့် Samsung ဟာ Processor သစ်တွေ ထုတ်လွှတ်မယ့်အချိန်ကို ပြောင်းနိုင်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။ Phone Arena ကတော့ ဒီ AMD GPU နဲ့ Flagship ဟာ Samsung Galaxy Z Fold 3 ဖြစ်နိုင်ပြီး၊ Galaxy Note 21 တော့ မဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

Ref: Phone Arena