Samsung က Samsung Pay နဲ့ တွဲဖက်သုံးနိုင်တဲ့ Physical Card ၁ ခုကို ဖန်တီးနေတယ်လို့ ကြေညာထားတာ ကြာနေပါပြီ။ အခုတော့ Samsung က အဲဒီ Card နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို ဝက်ဘ်ဆိုက်မှာ ကြေညာလိုက်ပါတယ်။ အဲဒီ ဝန်ဆောင်မှု အသစ်ကို Samsung Money လို့ နာမည်ပေးထားပြီး လက်ရှိ ဝန်ဆောင်မှုပေးထားတဲ့ Samsung Pay နဲ့တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Samsung Money မှာ Private or Shared Accounts တွေနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး သင့်ရဲ့ Physical Debit Card ရတာနဲ့ NFC နဲ့ Activate လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီ ကနေ သင့်ရဲ့ ငွေကြေး ကိစ္စအားလုံးကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပြီး ဘဏ်တွေ သွားစရာတောင် မလိုဘဲ အရာအားလုံး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန် အဝန်းက Allpoint ATMs တွေကနေ ငွေသား ထုတ်ယူရင် ဝန်ဆောင်ခ ပေးရမှာ ဖြစ်ပေမယ့် Samsung က ပြန်ပေးမှာပါ။

Samsung Rewards Program ကိုလည်း ခံစားရမှာ ဖြစ်ပြီး ဝယ်ယူမှုတိုင်းအတွက် အမှတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ အမှတ် ၁၀၀၀ ရရင် ငွေသား အနေနဲ့ ပြန်ထုတ်ယူနိုင်မှာပါ။ ဒါ့အပြင် Samsung Money Account မှာ ငွေစုထားရင် အတိုးနှုန်းက သာမာန်ထက် ပိုများမှာပါ။

Physical Card မှာ နံပါတ်နဲ့ CVV တွေ ရေးသားထားမှာ မဟုတ်ဘဲ အဲဒီ သတင်းအချက်အလက်တွေကို Samsung Pay App ကနေပဲ သိနိုင်မှာ ဖြစ်ပါတယ်။ Samsung Money ကို အခုသုံးလို့ မရသေးဘဲ စာရင်းပေးသွင်းထားရင် ဝန်ဆောင်မှု စတင်ချိန်မှာ အသိပေးမှာပါ။

Ref : gsmarena