Apple ရဲ့ iPhone အသစ်တွေထွက်ချိန်နီးတိုင်း OLED panels တွေရဲ့သတင်းကလည်း စိတ်ဝင်စားစရာ ပျံ့လွင့်လာလေ့ရှိပါတယ်။ အခုလည်း Apple နဲ့ Samsung Display ရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ ထုတ်လုပ်မှုနယ်ပယ်တွင်းက သတင်းရင်းမြစ်တွေကိုကိုးကားပြီး ကိုရီးယားသတင်းမီဒီယာတွေက ဖော်ပြနေကြပါပြီ။

ETNews ရဲ့ အဆိုအရ Samsung Display ဟာ iPhone 14 series မော်ဒယ်တွေအားလုံးအတွက် Panels ပေါင်း သန်း ၈၀ ကို ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ ဒီ Panels တွေကို အလုံးအရင်းလိုက်ထုတ်လုပ်ချိန်ဟာ ဒီနှစ်ရဲ့ တတိယသုံးလပတ်မှာ စတင်မယ်လို့လည်း သတင်းမှာဖော်ပြထားပါသေးတယ်။

iPhone 14 မှာ Higher-end Pro မော်ဒယ်နှစ်ခုနဲ့ Regular မော်ဒယ်နှစ်ခု ပါရှိမယ်လို့ မျှော်လင့်ရပါတယ်။ 6.1-inch ဗားရှင်းနှစ်ခုနဲ့ 6.7-inch ဗားရှင်းနှစ်ခုဆိုပြီးတော့ ရှိနေပါတယ်။ Samsung Display ကတော့ဒီမော်ဒယ်တွေအားလုံးအတွက် OLED panels တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါ Panels တွေထဲက ၃၈.၁၇ သန်းကို Entry-level iPhone 14နဲ့ High-end iPhone 14 Pro max နှစ်မျိုးလုံးအတွက် ခွဲဝေပေးမယ်လို့လည်း ဆိုပါတယ်။

iPhone 14 စီးရီးမှာ LTPS-TFT-based OLED panels နဲ့ LTPO-TFT-based OLEDS တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်မော်ဒယ်တွေအတွက် ရည်ရွယ်ထားလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူ။ မကြာသေးခင်ကထွက်ပေါ်ထားတဲ့သတင်းတစ်ပုဒ်မှာတော့ Apple ဟာ လာမဲ့မျိုးဆက်သစ်အတွက် BOE OLED panels တွေလည်း အသုံးပြုဖွယ်ရှိတယ်လို့ တွေ့ရပါတယ်။ အချို့သတင်းတွေမှာလည်း Apple ဟာ ဒီရက်သတ္တပတ်ထဲမှာ iPhone 14 လိုင်းအတွက် BOE ရဲ့ OLED panel တွေကို အကဲဖြတ်နေတယ်လို့ ဖော်ပြနေကြတာကို တွေ့မြင်ရပါတယ်။

Ref: GSM Arena