Samsung Electronics က Las Vegas မှာ ကျင်းပနေတဲ့ CES 2026 ပွဲမှာ ကမ္ဘာ့ပထမဆုံး ၁၃၀ လက်မ Micro RGB TV (R95H) ကို မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ Samsung ရဲ့ အကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး Micro RGB မျက်နှာပြင်ဖြစ်ပြီး အရွယ်အစား၊ ရုပ်ထွက်နဲ့ ဒီဇိုင်းပိုင်းတွေမှာ စံနှုန်းသစ်တစ်ခု သတ်မှတ်နိုင်ခဲ့ပါတယ်။

CES 2026: Samsung Reveals 130-Inch Micro RGB TV | Extremetech

ဒီ Flagship TV မှာ အဆင့်မြင့် Micro RGB နည်းပညာနဲ့ AI processing ကို ပေါင်းစပ်အသုံးပြုထားတဲ့အတွက် ပိုမိုတောက်ပပြီး Contrast ကောင်းကောင်းနဲ့ အသေးစိတ်ကျတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပါ။

အရောင်ကာလာ တိကျမှုအတွက် BT.2020 color range ကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထောက်ပံ့ပေးထားသလို Samsung ရဲ့ Glare Free နည်းပညာကြောင့် အလင်းများတဲ့ အခန်းတွေမှာ ကြည့်ရင်တောင် အလင်းပြန်တာမျိုး မရှိဘဲ ကြည်လင်ပြတ်သားနေမှာ ဖြစ်ပါတယ်။

Samsung debuts 130-inch Micro RGB TV display technology at CES 2025 | Fox Business

ဒီဇိုင်းပိုင်းမှာတော့ Timeless Frame ကို အသုံးပြုထားတဲ့အတွက် ၁၃၀ လက်မ မျက်နှာပြင်ကြီးဟာ အိမ်ခန်းရဲ့ အစိတ်အပိုင်းတစ်ခုလို သေသပ်လှပနေပြီး ပြတင်းပေါက်ကြီးတစ်ခု (သို့) ပန်းချီကားတစ်ချပ်လို ခံစားရစေမှာပါ။

အသံပိုင်းဆိုင်ရာမှာတော့ AI Sound Controller Pro ပါဝင်လာပြီး ကိုယ်ကြည့်ရှုနေတဲ့ အကြောင်းအရာနဲ့ အခန်းအနေအထားအပေါ် မူတည်ပြီး အသံကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။

ရုပ်သံဖျော်ဖြေရေး သက်သက်သာမကဘဲ Live Translate ၊ Generative Wallpaper အပါအဝင် Microsoft Copilot နဲ့ Perplexity တို့လို Smart Feature တွေပါ ထည့်သွင်းပေးထားတဲ့အတွက် အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေစေမယ့် TV တစ်လုံး ဖြစ်ပါတယ်။

Ref : Technology Innovation