• Samsungသည် ၂၀၂၂ ခုနှစ်တွင် QLED နှင့် Neo QLED တီဗီအရေအတွက် စုစုပေါင်း .၆၅ သန်းအား ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့
  • ကမ္ဘာပေါ်တွင်နာမည်အကျော်ကြားဆုံးသော နည်းပညာပြပွဲကြီး ဖြစ်သည့် CES 2023 အခမ်းအနားကြီးတွင်လည်း Samsung   စွန့်ဦးနည်းပညာများမှ စုစုပေါင်း CES 2023 Innovation Awards စုစုပေါင်း ၄၆ ဆုအား ဆွတ်ခူးရရှိခဲ့

ယူကေအခြေစိုက် နာမည်ကျော် ဆက်သွယ်ရေးနှင့် နည်းပညာသုတေသနလေ့လာမှုကုမ္ပဏီ Omdia ၏ ဆန်းစစ်လေ့လာချက်များအရ Samsung Electronics Co., Ltd သည် ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဗီ ဈေးကွက်တွင် နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် သတ်မှတ်ခံခဲ့ရသည့်အတွက် အံ့အားသင့်ဖွယ် ၁၇ နှစ်ဆက်တိုက် ကမ္ဘာ့ဦးဆောင် နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ Samsung ၏ QLED နှင့် Neo QLED တီဗီအရေအတွက် စုစုပေါင်း ၉.၆၅ သန်း အား ရောင်းချနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ကမ္ဘာ့နံပါတ်တစ်နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပြီး Samsung အနေနှင့် အဆိုပါ တီဗီအမျိုးအစားများအား စတင်မိတ်ဆက်ခဲ့သည့် ၂၀၁၇ ခုနှစ်မှ စတင်လျှင် တီဗီအလုံးရေပေါင်း ၃၅ သန်း ရောင်းချခဲ့ပြီးဖြစ်သည်။ အလားတူ ၇၅” နှင့် ၈၀” အထက် Ultra-Large တီဗီဈေးကွက် တွင်လည်း Samsung အနေနှင့် ၂၀၂၂ ခုနှစ်အတွင်း ဈေးကွက်ဝေစု ၃၆.၁% နှင့် ၄၂.၉% အသီးသီး ရရှိခဲ့သည့်အပြင် အမေရိကန် ဒေါ်လာ ၂,၅၀၀ နှင့်အထက် တန်ဖိုးရှိ Premium တီဗီဈေးကွက်တွင်လည်း ဈေးကွက်ဝေစု ၄၈.၆% ဖြင့် အများဆုံး ရရှိခဲ့သည်။

“အသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ နည်းပညာတွေနဲ့ ထုတ်ကုန်တွေအပေါ်မှာ အပြည့်အဝ ယုံကြည်မှုရှိတဲ့အတွက် အခုလိုမျိုး ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ၁၇ နှစ်ဆက်တိုက် ရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ ယုံကြည်စိတ်ချမှုဟာ ကျွန်တော်တို့ Samsung အတွက် ကြီးမားတဲ့ စိတ်ဓာတ်ခွန်အား တစ်ခုဖြစ်စေပြီး ဆက်လက်ပြီးတော့လည်း အသုံးပြုသူတွေအတွက် ပြီးပြည့်စုံမှုအရှိဆုံးနဲ့ ဆန်းသစ်မှုအရှိဆုံး ထုတ်ကုန်တွေကို ပေးအပ်သွားနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song မှ ပြောကြားခဲ့သည်။

Samsung အနေနှင့် ရုပ်ထွက်အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှုပိုင်းဆိုင်ရာတွင် စဉ်ဆက်မပြတ် ရင်းနှီးမြုပ်နှံခဲ့ပြီး နောက်ဆုံးပေါ် နည်းပညာ လုပ်ဆောင်ချက်များပါရှိသည့် တီဗီများအား ဈေးကွက်အတွင်း ဆက်တိုက်ဖြန့်ချိနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ၁၇ နှစ် ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်ရောင်းချသူအဖြစ် ရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် Samsung သည် တီဗီနည်းပညာနယ်ပယ်တွင် ရှေးဦးပထမဆုံးအဖြစ် 100% Colour Volume အားရရှိစေနိုင်မည့် Quantum Dot နည်းပညာအား အသုံးပြု၍ ပထမဦးဆုံး QLED တီဗီအား မိတ်ဆက်ခဲ့သည့်အပြင် ၂၀၁၈ ခုနှစ်တွင် QLED 8K တီဗီ၊ ၂၀၂၁ ခုနှစ်တွင် Neo QLED နှင့် MICRO LED အစရှိသည့် သူမတူသော စွန့်ဦးတီထွင်နည်းပညာများကို အသုံးပြုထုတ်လုပ်ထားသည့် တီဗီတို့ကိုလည်း အသုံးပြုသူများထံ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ထို့အပြင် ၂၀၁၆ ခုနှစ်မှစတင်၍ Samsung သည် ပုံမှန်တီဗီဒီဇိုင်းများမှ ကွဲထွက်သော အထင်ကရ Lifestyle တီဗီအမျိုးအစားများ ကိုလည်း စတင်မိတ်ဆက်ခဲ့ပြီး ယခုလက်ရှိတွင် The Serif, The Frame, The Sero, The Terrace, The Premiere နှင့် ယခု နောက်ဆုံး The Freestyle အစရှိသည့် မတူကွဲပြားသော အသုံးပြုမှု အတွေ့အကြုံများအား ရရှိစေမည့် ဆန်းသစ်သော တီဗီဒီဇိုင်း များကိုလည်း စဉ်ဆက်မပြတ် တီထွင်ပေးအပ်လျက် ရှိသည်။

Samsung သည် စမတ်ဖုန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအပြင် အခြားသော နည်းပညာနယ်ပယ်များတွင်လည်း စဉ်ဆက်မပြတ် တီထွင်ဖန်တီးမှုများ ပြုလုပ်လျက်ရှိသည်။ မကြာသေးမီက နည်းပညာနယ်ပယ်တွင် ဂုဏ်သိက္ခာကြီးမားလှသော Consumer Technology Association မှကျင်းပပြုလုပ်ခဲ့သည့် ကောင်းမွန်ထူးချွန်သည့် နည်းပညာအသုံးပြု ထုတ်ကုန်များအတွက် ဂုဏ်ပြုချီးမြှောက်သော နာမည်ကျော် CES 2023 နည်းပညာပြပွဲကြီး၌လည်း Samsung မှ ၄င်း၏ဆန်းသစ်တီထွင်ထားသည့် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ဆုတံဆိပ်ပေါင်း ၄၆ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

Press Release – Samsung