Samsung က ဒီနှစ်ထုတ် Galaxy S23 Series ကို မျှော်လင့်ချက်ကြီးကြီးထားနေပြီး အရင်နှစ်က မော်ဒယ်တွေထက် ရောင်းအား အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးတက်မယ်လို့ မျှော်လင့်ထားပါတယ်။ Galaxy S23 Ultra မှာ 200MP ကင်မရာနဲ့ ပိုမြန်တဲ့ Processor တို့လို အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ Qualcomm နဲ့ Google တို့က Extended Reality (XR) ကို ပူးပေါင်း ဖန်တီးကြမှာ ဖြစ်ပြီး Galaxy S23 က စတင်ကာ ဝန်ဆောင်မှု အသစ်တွေ ထည့်သွင်းပေးဖို့ Samsung နဲ့ ပူးပေါင်းကြမှာပါ။ Samsung ဟာ Consumer တွေ စိတ်ကျေနပ်စေတဲ့ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုတွေကို စဉ်ဆက်မပြတ် ထည့်သွင်းပေးနေပါတယ်။

Samsung Galaxy S23: price, carriers, and how to buy - The Verge

ဆန်ဖရန်စစ္စကိုက မီဒီယာတွေ့ဆုံပွဲမှာ Samsung Electronics ရဲ့ MX ဌာနက ဥက္ကဌ Roh Tae-moon က Galaxy S Series နဲ့ Foldable Series ရဲ့ ဒီနှစ် တစ်ကမ္ဘာလုံး ရောင်းအားဟာ ၂ ဆ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။ သူက Galaxy S23 Series အပေါ် တစ်ကမ္ဘာလုံးက Customer တွေရဲ့ အစောပိုင်း သုံးသပ်ချက်တွေ ကောင်းမွန်ပြီး အမေရိကန်ရဲ့ Mobile Carrier Verizon က အရင်နှစ်ကထက် ရောင်းအားကောင်းနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ပြောပါတယ်။

ဈေးကွက်သုတေသနစစ်တမ်းအရ Galaxy S22 Series ရဲ့ ၁၁ လ ရောင်းအားဟာ ၂၃.၇၉ သန်း ဖြစ်ပြီး Samsung က Galaxy S23 Series ဟာ ၂၆ သန်းနဲ့ သန်း ၃၀ အကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Samsung က Galaxy S23 Ultra အပေါ် ယုံကြည်မှု မြင့်မားနေပြီး Roh က Galaxy S23 Ultra ဟာ စုစုပေါင်း ရောင်းအားရဲ့ ၅၀ ရာခိုင်နှုန်းကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ သူက တစ်ကမ္ဘာလုံးက ဖွံ့ဖြိုးပြီး နိုင်ငံတွေသာမက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း တန်ဖိုးကြီး ထုတ်ကုန်တွေ ဝယ်လိုအားများလာမယ်လို့ တွက်ဆထားပါတယ်။

Ref : gizmochina