Samsung ဟာ လာမယ့် ဇန်နဝါရီလအတွင်းမှာ Galaxy S24 Series Flagship ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S24 Series ဖုန်းတွေမှာ ထူးခြားချက်အနေနဲ့ Qualcomm Snapdragon 8 Gen 3 Chipset တင်မဟုတ်ဘဲ ကိုယ်ပိုင် Samsung Exynos 2400 Chipset ကိုပါ တွဲပြီး အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Exynos Chipset တွေဟာ Qualcomm Snapdragon ရဲ့ Flagship Chipset တွေနဲ့ နှိုင်းယှဥ်ရင် စွမ်းဆောင်ရည်ပိုင်း အားနည်းချက်တွေကြောင့် ဝေဖန်ခံရပေမယ့် အခု Galaxy S24 Series မှာ အသုံးပြုလာနိုင်တဲ့ Exynos 2400 Chipset ကတော့ ပိုတောင် စွမ်းဆောင်ရည်ကောင်းမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Tipster တစ်ဦးဖြစ်တဲ့ Revegnus ကနေ X (Twitter) ကနေတစ်ဆင့် Exynos 2400 Chipset မှာ အသုံးပြုထားတဲ့ GPU ဟာ Apple iPhone 15 Pro ဖုန်းတွေရဲ့ A17 Pro Chip ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းနိုင်တယ်ဆိုပြီး ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။​ သူ့ရဲ့ ပြောကြားချက်အရတော့ Samsung ဟာ Exynos 2400 Chipset မှာ AMD နဲ့ ပူးပေါင်းဒီဇိုင်းပြုလုပ်ထားတဲ့ GPU ကြောင့် အခုလို A17 Pro Chip ထက် GPU ပိုင်းမှာ ပိုမိုမြန်ဆန်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် Samsung Exynos 2400 Chipset ဟာ Architecture ပိုင်းမှာ Apple A17 Pro လိုမျိုး 3nm မဖြစ်သေးဘဲ​ Samsung ရဲ့ Enhanced 4nm Process အပေါ်မှာပဲ အခြေခံထားဦးမှာဖြစ်ပါတယ်။ ဒါကြောင့် တခြား CPU ပိုင်းဆိုင်ရာ Performance ပိုင်းမှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China