Samsung က တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း အသစ် ၁ လုံးကို ဗီယက်နမ်မှာ ကြေညာလိုက်ပါတယ်။ ဒါပေမယ့် Specs အပြည့်အစုံကို မသိရသေးဘဲ ရောင်းချချိန်ကျမှ အားလုံးကို သိရမှာပါ။ ဗီယက်နမ်မှာ အစောဆုံး ရောင်းပေးနိုင်ပြီး အဲဒီဖုန်းမှာ ၅.၇ လက်မ 720x1520px IPS မျက်နှာပြင် ထည့်သွင်းထားပါတယ်။ V ပုံစံ အရွယ်သေး Notch မှာ ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Snapdragon 439 Chipset မောင်းနှင်ထားပြီး 2GB RAM နဲ့ 16GB Storage ပဲပါပါတယ်။ ဒါပေမယ့် microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP ပင်မနဲ့ 2MP Depth ကင်မရာ ၂ လုံးထည့်သွင်းထားပြီး ဆဲလ်ဖီး ကင်မရာက 5MP ပါ။ 3,000mAh ဘက်ထရီ ထည့်သွင်းထားပြီး သာမာန်သုံးရင်  ၁ နေ့တာလုံး ကောင်းကောင်း အသုံးခံပါတယ်။ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပါတယ်။

အနက်၊ အပြာနဲ့ အနီရောင်တွေ ထုပ်လုပ်ထားပြီး ဗီယက်နမ်မှာ ဒေါင် ၂,၇၉၀,၀၀၀ သတ်မှတ်ထားပါတယ်။ ဒေါ်လာ ၁၂၀ လောက်ကျသင့်ပြီး မြန်မာငွေ ၁ သိန်း ၇ သောင်းလောက်ပဲရှိပါတယ်။ မကြာခင် ဗီယက်နမ် ပြင်ပမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena