ပြီးခဲ့တဲ့ ၁ ပတ်က Samsung ရဲ့ စမတ်ဖုန်းတွေ ဖြစ်တဲ့ SM-A025F နဲ့ SM-M025F တို့ကို NEMKO Website မှာ မှတ်ပုံတင်ခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာ Galaxy A02 နဲ့ Galaxy M02 ဖြစ်နိုင်ပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းတွေကို Bluetooth SIG မှာ မှတ်ပုံတင်လိုက်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။

SM-A025F and SM-M02F on Bluetooth SIG's website

မော်ဒယ် ၂ ခု စလုံးကို တူညီတဲ့ Certification Document မှာ ဖော်ပြထားတဲ့အတွက် အဲဒီ စမတ်ဖုန်း ၂ လုံးဟာ တူညီတဲ့ ဖုန်းတွေဖြစ်ပြီး နိုင်ငံအလိုက် နာမည်ခွဲရောင်းချမှာ ဖြစ်နိုင်ပါတယ်။

Samsung Galaxy M02 could be a rebranded version of Galaxy A02 - Naxon Tech

Bluetooth SIG မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ Specification တွေကို မဖော်ပြထားပါဘူး။ ဒါပေမယ့် SM-A025F ကို Geekbench မှာ တွေ့ခဲ့ရပြီး Qualcomm Chipset , Android 10 နဲ့ 2GB RAM ထည့်သွင်းထားပါတယ်။ Geekbench မှာ အဲဒီ မော်ဒယ်ရဲ့ Specifications အသေးစိတ်ကို မဖော်ပြထားပါဘူး။ ပေါက်ကြားသတင်းတွေအရ Galaxy A02 မှာ ၅.၇ လက်မ HD+ မျက်နှာပြင်၊ Snapdragon 450 SoC , 3,500mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

Samsung ကတော့ Galaxy A02 နဲ့ M02 ရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာပါ။

Ref : gsmarena