Samsung ဟာ Galaxy A02s ကို မကြာခင်ကပဲ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ နောက်ထပ် Lower-end စမတ်ဖုန်းဖြစ်တဲ့ Galaxy A02 ကို ဖြန့်ချိဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်လာပါတယ်။

တကယ်တော့ Galaxy A02 နဲ့ပတ်သက်တဲ့သတင်းတွေက လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက ထွက်ပေါ်နေခဲ့တာပါ။ အခုတော့ မော်ဒယ်နံပါတ် SM-A022F နဲ့အတူ Benchmarked ပါ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက မော်ဒယ်နံပါတ် SM-A025F နဲ့ပေါ်ထွက်ခဲ့တဲ့ Benchmarked ရလဒ်နဲ့တော့ တူညီခြင်းမရှိတာကို တွေ့ရပါတယ်။

မော်ဒယ်နံပါတ် SM-Axxx ဆိုတာက A စီးရီးရဲ့ နာမည်ပေးပုံဖြစ်ပါတယ်။ ဒါပေမယ့် ဒေသပေါ်မူတည်ပြီး SM-A025F/DS/G/M စတသည်ဖြင့် ကွဲပြားသွားပါတယ်။ အခုမြင်တွေ့ရတဲ့ SM-A022F ကတော့ Lower-end Vanilla A02 အဖြစ်နိုင်ဆုံးပါပဲ။ ဒါကို အကန့်အသတ်နဲ့ သိရှိရတဲ့ Specs တွေက ဒီသီအိုရီကို ပြန်ပြီးထောက်ခံပေးနေတာလည်း ဖြစ်ပါတယ်။

Benchmarked စာရွက်ကတစ်ဆင့် သိရတာကတော့ Galaxy A02 ဟာ 28nm process ကို အခြေခံထားပြီး၊ Clocked 1.5 GHz နဲ့ Cortex-A53 Core, Quad-Core CPU MediaTek MT6739WW chipset သုံးထားတာ ဖြစ်ပါတယ်။ ဒါဟာ Snapdragon 450 (14nm) ထက် စွမ်းအင်နိမ့်တဲ့ ၂၀၁၇ SoC ဖြစ်ပါတယ်။

Memory configuration တွေကတော့ A02s လိုမဟုတ်ဘဲ 2GB of RAM က အစပြုမှာ ဖြစ်ပါတယ်။ Galaxy A02 ဟာ Android 10 မောင်းနှင်မှာဖြစ်ပေမယ့် Samsung ရဲ့ ဈေးသက်သာတဲ့ ဟန်းဆက်တွေထဲက တစ်ခုသာဖြစ်တာကြောင့် အများကြီးတော့ မျှော်လင့်ထားလို့ရမှာ မဟုတ်ပါဘူး။

Ref: GSM Arena