Samsung ဟာ ဒီနှစ်မကုန်ခင်မှာ ဘက်ဂျက်စမတ်ဖုန်းတွေကို ဈေးကွက်ထဲ ထပ်ပြီးပို့ဆောင်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ နှစ်မကုန်ခင် မိတ်ဆက်လာဖွယ်ရှိတဲ့ထဲမှာ Samsung Galaxy A02, Galaxy M02 နဲ့ Galaxy A02s တို့ ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Samsung Galaxy A02 နဲ့ Galaxy M02 တို့ကို Bluetooth Certification ရတာနဲ့ Geekbench ပေါ်ရောက်တာကို တွေ့ခဲ့ကြရပါတယ်။ အဲဒီနောက်မှာတော့ Galaxy A02 ရဲ့ (ပိုမြင့်တဲ့အမျိုးကွဲလို့ယူဆရတဲ့) Galaxy A02s ကိုပါ Geekbench မှာ တွေ့မြင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အခုတော့ Galaxy A02s ကို FCC နဲ့ NBTC တို့မှာ အသိအမှတ်ပြုထားတာကိုလည်း တွေ့မြင်လာရပြီ ဖြစ်ပါတယ်။

Galaxy A02s ဟာ Qualcomm Snapdragon 450 chipset နဲ့ Adreno 506 GPU ပါဝင်တဲ့ Entry-level အမျိုးအစား ဖြစ်ကြောင်းကို Geekbench ကတစ်ဆင့် သိရပြီးဖြစ်ပါတယ်။ 3GB of RAM ကို ထောက်ပံ့ထားပြီး Android 10 အခြေခံ One UI Core နဲ့ ဈေးကွက်ထဲရောက်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။

Geekbench မှာတော့ Galaxy A02s ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A025G အဖြစ် တွေ့မြင်ရပါတယ်။ ဒါပေမယ့် Device ရဲ့ FCC နဲ့ NBTC certification တွေမှာတော့ မော်ဒယ်နံပါတ် SM-A025M/DS နဲ့ SM-A025M တို့နဲ့လာတာဖြစ်ပေမယ့် မော်ဒယ်နံပါတ် SM-A025F Standard Galaxy A02 နဲ့ ကွဲပြားနေတာကိုလည်း တွေ့နိုင်ပါတယ်။

ဒါ့အပြင် Certification တွေကပြသနေတာဟာ ဒီဟန်းဆက်ဟာ မော်ဒယ်နံပါတ် HQ-50s နဲ့ 5,000mAh ဘက်ထရီကို ထောက်ပံ့ကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမြန်အားသွင်းစနစ်အကြောင်းတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒီဟန်းဆက်ဟာ Single SIM နဲ့ Dual SIM အမျိုးအစားကွဲနှစ်မျိုးရှိနိုင်ပြီး၊ Single-band (2.4GHz) Wi-Fi နဲ့ စတုဂံပုံစံ ကင်မရာအိမ်ဖွဲ့စည်းမှုရှိမှာလည်း ဖြစ်ပါတယ်။

Samsung Galaxy A02s ကို ဘယ်နေ့၊ ဘယ်အချိန်မှာ မိတ်ဆက်ဖြန့်ချိမယ်ဆိုတာကို မပြောနိုင်သေးပေမယ့် လာမယ့် နိုဝင်ဘာလ တစ်ရက်ရက်မှာတော့ တရားဝင်ကြေညာလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina