ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Entry စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy A02 နဲ့ Galaxy M02 ဖုန်းတွေဟာ Bluetooth Certification ကို ရရှိခဲ့ပါတယ်။ အခုလည်း နောက်ထပ် Entry စမတ်ဖုန်းအသစ်လို့ ပြောနိုင်တဲ့ Galaxy A02s ကို Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench Website မှာ တွေ့ရှိခဲ့ပါတယ်။

ယခုသတင်းကို MySmartPrice ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Galaxy A02s ဟာ Model Number အနေနဲ့ SM-A025F ဆိုပြီး ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ Entry Level ဖြစ်နေတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ ကောင်းမွန်မှာမဟုတ်ဘဲ Qualcomm Snapdragon 450 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Geekbench ရလဒ်အရ RAM 3GB ပါဝင်မှာဖြစ်တဲ့အတွက် Multitasking ပိုင်းမှာတေ့ာ ယခင် A01 စမတ်ဖုန်းထက် ပိုမိုကောင်းမွန်လာဖွယ်ရှိပါတယ်။ Android 10 ကို အခြေခံထားတဲ့ OneUI 2.1 သို့မဟုတ် OneUI 2.5 နဲ့ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

ထူးဆန်းတာတစ်ခုက Geekbench မှာ Galaxy A02s ရဲ့ Motherboard ကို QC_Reference_Phone ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုထိ Galaxy A02s ရဲ့ Development က အပြီးမသတ်နိုင်သေးဘူးလို့ ယူဆရပြီး လာမယ့် ဒီဇင်ဘာလဝန်းကျင်ကြမှပဲ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Samsung Galaxy A02s ဟာ ယခုနှစ်အတွက် စျေးအသက်သာဆုံး Galaxy A Series ဖြစ်တဲ့ Galaxy A01 စမတ်ဖုန်းနေရာကို အစားထိုးသွားမှာဖြစ်ပြီး တခြား ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာနိုင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China