Samsung က ဗီယက်နမ်မှာ Galaxy A06 ကို ကြေညာလိုက်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာ တခြား နိုင်ငံတွေမှာ မိတ်ဆက်နိုင်ပါတယ်။

Samsung Galaxy A06 launches with Helio G85 SoC, 5,000 mAh battery

Galaxy A06 မှာ MediaTek Helio G85 SoC မောင်းနှင်ထားပြီး 4GB RAM/64GB Storage , 6GB RAM/128GB Storage ထုတ်လုပ်ထားပါတယ်။ Storage ကို မြှင့်တင်ဖို့ microSD Card စိုက်နိုင်ပါတယ်။

Samsung Galaxy A06 launches with Helio G85 SoC, 5,000 mAh battery

အဲဒီဖုန်းမှာ 50MP Main အနောက်ကင်မရာ တပ်ဆင်ထားပြီး 6.7” HD+ 90Hz Display ပါပါတယ်။ 25W Fast Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။

Samsung က ဖုန်း အနောက်ဘက်ကို ပြားချပ်ပြီး ဒေါင်လိုက် အစင်းကြောင်းတွေ ထည့်သွင်းထားတာကို အသားပေး ပြောထားပါတယ်။ အဲဒီအတွက် လက်ဗွေရာ မထင်သလို ကြည့်လို့ ကောင်းပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

Samsung က A06 အတွက် အဓိက Android Update ၂ ခု ပေးမယ်လို့ ပြောပြီး Android 16 အထိ ရမှာပါ။ ဗီယက်နမ်မှာ ဒီလ ၂၂ ရက်နေ့ ရောင်းချမှာ ဖြစ်ပြီး 4/64GB ကို ၁၂၇ ဒေါ်လာနဲ့ 6/128GB ကို ၁၅၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena