အခုလအစောပိုင်းမှာ Samsung Galaxy A11 ရဲ့ Back Panel ကို မြင်တွေ့ခဲ့ရပြီး အပေါ်ဘယ်ဘက်ထောင့်မှာ Triple-camera ကို ဒေါင်လိုက်စီတန်းထားတာ တွေ့ခဲ့ရပါတယ်။ ယနေ့မှာ တရားဝင် Press Render လို့ယူဆရတဲ့ ပုံတွေ ထွက်ပေါ်လာခဲ့ပြီး Galaxy A11 ရဲ့ ပုံသဏ္ဍာန်နဲ့ ပါဝင်မယ့်ကင်မရာတွေရဲ့ပုံစံကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။

အခုထွက်လာတဲ့ ပုံထဲမှာ Galaxy A11 ဟာ Punch-hole ပါဝင်တဲ့ Display ပါဝင်တာကို အတည်ပြုဖော်ပြလာပါတယ်။ နောက်ဘက်မှာ Triple-camera အတွဲပါလာမယ်ဆိုတာ သိပြီးသားဖြစ်ပေမယ့် ဘဲဥပုံသဏ္ဍာန် Fingerprint ကိုပါ ရှင်းလင်းစွာ မြင်လာရပါတယ်။

ဖုန်းရဲ့ညာဘက်ခြမ်းမှာ Power နဲ့ Volume တိုးချဲ့ခလုတ်တွေရှိတာကို တွေ့ရမှာဖြစ်ပြီး 3.5mm Jack ပေါက်လေးကတော့ အပေါ်ဘက်မှာရှိပါတယ်။ ပြီးခဲ့တဲ့လက Galaxy A11 ကို FCC အတည်ပြုချက်ရယူရာမှာ 4,000 mAh ဘက္ထရီပါဝင်တာကိုလည်း တွေ့ခဲ့ရပြီးသားပါ။

ရှေ့မှာထွက်ထားတဲ့ သတင်းတွေအရတော့ Galaxy A11 မှာ 128GB Storage ပါဝင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် 6.4” LCD Display ပါဝင်မယ် ဆိုတာနဲ့ 8MP ဆဲလ်ဖီကင်မရာ၊ 13MP အဓိကကင်မရာတို့ ထည့်သွင်းလာမယ် ဆိုတာကိုပါ ထပ်မံသိခွင့်ရခဲ့ပါတယ်။

Galaxy A11 နဲ့ပတ်သက်တဲ့ အချက်အလက်တွေ တော်တော်များများသိရပြီးဖြစ်ပေမယ့် Samsung က တရားဝင် မိတ်ဆက်ရက်ကို မဖော်ပြလာသေးပါဘူး။ ဒါပေမယ့် ဒီဖုန်းကို အိန္ဒိယဈေးကွက်သို့ ရူပီး ၁၀,၀၀၀ (မြန်မာငွေ နှစ်သိန်းနီးပါး) နဲ့ ရောင်းချမယ်လို့လည်း သတင်းထွက်ထားပါတယ်။

Ref – GSM Arena