Samsung က စွမ်းဆောင်ရည်နိမ့် Galaxy A Series အသစ် ၁ လုံးကို ဖန်တီးနေပါတယ်။ Galaxy A12 ဖြစ်ပြီး မေလက ကြေညာခဲ့တဲ့ A11 ရဲ့ မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ Galaxy A12 ရဲ့ မော်ဒယ်နံပါတ်ဟာ SM-A125F ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Samsung က Galaxy A11 ရဲ့ မော်ဒယ်နံပါတ်ကို SM-A115F လို့ နာမည်ပေးခဲ့တာပါ။

Galaxy A12 အတွက် 32GB နဲ့ 64GB Storage Version ၂ မျိုး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ Galaxy A11 အတွက် 64GB Version ကို မထုတ်လုပ်ပေးခဲ့ပါဘူး။ Galaxy A12 မှာ A11 ရဲ့ PLS TFT ထိတွေ့မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၃ လုံး အတွဲအစပ်ကို ဆက်လက် အသုံးပြုထားမယ်လို့ ထင်ရပါတယ်။ လက်ရှိမှာ အဲဒီ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်တွေ မထွက်လာသေးပါဘူး။ A12 မှာ Capacitive Fingerprint Sensor ကို အနောက်ဘက်မှာ  ထည့်သွင်းထားနိုင်ပါတယ်။

လက်ရှိမှာ Samsung Galaxy A12 ရဲ့ Specs အသေးစိတ်ကို မသိရသေးပေမယ့် အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် တချို့ စတင် ထွက်ပေါ်လာပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ပိုပြီး သိလာရနိုင်ပါတယ်။

Ref : gsmarena