အရင်နှစ်တုန်းက Samsung ဟာ Helio P35 SoC ပါတဲ့ Galaxy A12 ကို ကြေညာခဲ့ပြီး အခုတော့ နယ်သာလန်က မီဒီယာ ၁ ခု ဖြစ်တဲ့ GalaxyClub က ကုမ္ပဏီဟာ နောက်မျိုးဆက် Galaxy A13 5G ကို ဖန်တီးနေတယ်လို့ သတင်းပေးလိုက်ပါတယ်။

Samsung Galaxy A12

နာမည်အရ Galaxy A13 5G မှာ နောက်မျိုးဆက် ဆက်သွယ်ရေး နည်းပညာ ဖြစ်တဲ့ 5G ပါလာမှာ သေချာပါတယ်။ အရင်မျိုးဆက် Galaxy A12 မှာတော့ 4G LTE ဆက်သွယ်မှုနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

Ontdek de Samsung Galaxy A12 met 6.5inch display | Samsung Nederland

GalaxyClub က Galaxy A13 5G ရဲ့ Specifications တွေကို ဘာမှ မပြောပေမယ့် မော်ဒယ်ကုဒ်က SM-A136B ဖြစ်တယ်လို့ သတင်းပေးထားပါတယ်။ လက်ရှိ Galaxy A12 လိုပဲ ယူရို ၂၀၀ အောက်နဲ့ Galaxy A13 5G ကို ရောင်းချနိုင်တဲ့အတွက် မြန်မာငွေ ၃ သိန်း ၉ သောင်းအောက်လောက် ကျသင့်နိုင်ပါတယ်။ ဈေးအရမ်း မနည်းပေမယ့် ဈေးသက်သက်သာသာနဲ့ 5G စမတ်ဖုန်း ၁ လုံးကို ကိုင်နိုင်မှာ ဖြစ်ပါတယ်။ Samsung ထုတ်သမျှ စမတ်ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံး 5G စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားနိုင်တယ်လို့ သိရပါတယ်။

Samsung က Galaxy A13 5G ကို ကြေညာမယ့်နေ့ အပါအဝင် ဘာသတင်းအချက်အလက်ကိုမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ဒါပေမယ့် Galaxy A12 ကို အရင်နှစ် နိုဝင်ဘာလမှာ ကြေညာခဲ့တာ ဖြစ်တဲ့အတွက် မျိုးဆက်သစ် Galaxy A13 5G ကိုလည်း အဲဒီ အချိန်လောက်မှာ ချပြနိုင်ပါတယ်။

Ref : gsmarena