Samsung Galaxy A Series စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ ရောင်းအကောင်းဆုံးစမတ်ဖုန်းတွေဖြစ်နေသလို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွက်လည်း Galaxy A51 စမတ်ဖုန်းက ရောင်းအားအကောင်းဆုံးဖုန်းဖြစ်ခဲ့ပါတယ်။

အခုလည်း Samsung ကနေ Mid Range A Series ဖုန်းသစ်တစ်လုံးဖြစ်တဲ့ Galaxy A21s စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Galaxy A21s စမတ်ဖုန်းဟာ ယခင်တုန်းက သတင်းတွေဆက်တိုက်ပေါက်ကြားခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ တရားဝင်ထွက်ရှိလာတာဖြစ်ပါတယ်။

Samsung Galaxy A21s စမတ်ဖုန်းဟာ 6.5″ HD+ (720×1600) Infinity-O Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Processor ပိုင်းကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိဘဲ Octa-core 2.0 Processor ကိုပဲ RAM 3GB ၊ 4GB နဲ့ 6GB နဲ့ Storage 32GB သို့မဟုတ် 64GB Version တွေ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ကို အသုံးပြုထားမှာဖြစ်ပြီး 48MP Primary Sensor ၊ 8MP Ultrawide Sensor ၊ 2MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 13MP Single Sensor ကိုပဲ Punch-hole အနေနဲ့ Display ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာတပ်ဆင်ပေးထားပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 15W Fast Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ Black ၊ White ၊ Blue နဲ့ Red ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ အနိမ့်ဆုံး RAM 3GB ၊ 32GB Version ကို €200 (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ လာမယ့် ဇွန်လ ၁၉ ရက်နေ့က စတင်ပြီးရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – XDA-Developers