မော်ဒယ်နံပါတ် SM-A217F နဲ့ Samsung စမတ်ဖုန်းတစ်လုံးဟာ Geekbench ဝက်ဆိုက်ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒီဖုန်းကို Galaxy A21s ဖြစ်မယ်လို့ ထင်ကြေးပေးထားပြီး သူ့ရဲ့အပြင်ဆင်ကလည်း ဘတ်ဂျက်မော်ဒယ်တစ်ခု ဖြစ်နေပါတယ်။

အခုထွက်ပေါ်လာတဲ့ SM-A217F ဖုန်းဟာ ယခင်လက Helio P35 ချစ်ပ်ဆက်နဲ့ Geekbench ပေါ်ရောက်လာခဲ့တဲ့ SM-A215U စမတ်ဖုန်းနဲ့ မတူပါဘူး။ ၎င်းကတော့ Galaxy A21 အဖြစ် မြင်လာရမယ်လို့ ယူဆထားပြီး Mid-range ဟန်းဆက်တစ်ခုဖြစ်လာမှာပါ။

Galaxy A21s မှာတော့ လောလောဆယ် Samsung က မိတ်မဆက်ရသေးတဲ့ Samsung Exynos 850 ချစ်ပ်ဆက် အသုံးပြုထားတာတွေ့ရပါတယ်။ ဒီ Processor ဟာ 2.0GHz ရှိတဲ့ Octa-core ချစ်ပ်ဆက်တစ်ခုပါ။ သူ့ကို 3GB RAM မန်မိုရီနဲ့တွဲပေးထားပြီး Android 10 OS အသုံးပြုထားတာလည်း တွေ့ရပါတယ်။

ဒီဟန်းဆက်အတွက် SamMobile ကဖော်ပြထားတဲ့ သတင်းထဲမှာတော့ Storage ကို 32GB / 64GB နဲ့ ထွက်လာမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် 2MP Macro Camera လည်းပါမယ်လို့ သိထားရတယ်။ Geekbench စာရင်းမှာတော့ ဒီဟန်းဆက်ဟာ Single-core စမ်းသပ်မှုမှာ 183 မှတ်နဲ့ Multi-core မှာ 1074 ရရှိထားပါတယ်။

Ref – Gizmo China